တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
မိတ်ဆွေပိုးတွေကို စိုက်ခင်းမှာကျတဲ့ ဖျက်ပိုးတွေကို စားသောက်ဖျက်ဆီးပေးတယ်ဆိုတာကိုပဲ အဓိက မြင်မိကြမှာပါ။ AskNature ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ပုစဉ်းရင်ကွဲ (Cicada) တွေရဲ့ အကြောင်းဟာ သဘာဝတရားရဲ့ အံ့မခန်း စွမ်းရည်တစ်ခုကို ပြသနေပါတယ်။ ပုစဉ်းရင်ကွဲတွေရဲ့ တောင်ပံတွေဟာ ဘက်တီးရီးယားပိုးမွှားတွေကို ဓာတုဆေးဝါးတွေ လုံးဝမသုံးဘဲ သေစေနိုင်ပါတယ်။ သူတို့ရဲ့ တောင်ပံမျက်နှာပြင်မှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ နာနိုတိုင်လေး ဆူးလေးတွေ (Nanopillars) ထောင်ပေါင်းများစွာ ရှိနေပါတယ်။ ဘက်တီးရီးယားတွေဟာ အဲဒီတောင်ပံပေါ်ကို ကျရောက်လာတဲ့အခါ၊ ဒီဆူးချွန်ပုံစံ နာနိုတိုင်လေးတွေက ဘက်တီးရီးယားရဲ့ ဆဲလ်အမြှေးပါး (အရေပြား)ကို အတင်းဆွဲဆန့်လိုက်ပြီး ပူဖောင်းတစ်လုံး ပေါက်ကွဲသွားသလိုမျိုး စုတ်ပြဲပျက်စီးသွားစေပါတယ်။ ဒါဟာ ဓာတုပစ္စည်းမပါဘဲ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံသက်သက်နဲ့ ရောဂါပိုးတွေကို အလိုအလျောက် နှိမ်နင်းတဲ့ သဘာဝတရားရဲ့ အဆင့်မြင့်နည်းပညာတစ်ခု ဖြစ်ပါတယ်။
ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သဘာဝတရားကြီးဟာ ပြင်ပရန်သူတွေကို ဘယ်လိုဟန့်တားရမလဲဆိုတဲ့ "သဘာဝကာကွယ်ရေးစနစ်" ကို အကောင်းဆုံး ပိုင်ဆိုင်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီသဘောတရားကို အခြေခံပြီး တောင်သူဦးကြီးတွေအနေနဲ့ "ဂေဟစနစ်စိုက်ပျိုးရေး (Agroecology)" ကို ဘာကြောင့် တန်ဖိုးထားသင့်သလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ဂေဟစနစ်စိုက်ပျိုးရေးဆိုတာ သဘာဝတရားရဲ့ လုပ်ဆောင်ပုံတွေကို နားလည်ပြီး သဘာဝနဲ့ သဟဇာတဖြစ်အောင် စိုက်ပျိုးတဲ့ စနစ်ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ တောင်သူအများစုဟာ ပိုးမွှားတွေကို နှိမ်နင်းဖို့ ဓာတုပိုးသတ်ဆေးတွေကို အလွန်အကျွံ သုံးစွဲနေကြပါတယ်။ သို့သော် ဓာတုဆေးတွေဟာ မြေဆီလွှာကို ပျက်စီးစေရုံသာမက လူရဲ့ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။
ပုစဉ်းရင်ကွဲတောင်ပံတွေလိုပဲ သဘာဝပတ်ဝန်းကျင်မှာ ဓာတုဆေးမလိုဘဲ စိုက်ခင်းဖျက်ပိုးတွေကို သဘာဝအတိုင်း ထိန်းချုပ်ပေးနိုင်တဲ့ စနစ်တွေ အများကြီးရှိပါတယ်။ ဓာတုဆေးသုံးတိုင်းမှာ မိတ်ဆွေအရေအတွက် ဘယ်လောက်လျော့သွားနိုင်မလဲဆိုတာ သတိရမိပြီး မလိုအပ်ဘဲ သုံးစွဲတာမျိုး ရှောင်ရှားစေလိုပါတယ်ဗျ။
ပုစဉ်းရင်ကွဲလေးက ရင်ကွဲလောက်မယ့် ခပ်စွာစွာအသံလေးကို ပိုင်ဆိုင်ထားပေမယ့် တောင်သူတွေ ရင်မကွဲအောင် ကူညီပေးနေပါတယ်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဂေဟစနစ်
KoKo Naing DOF
လွန်ခဲ့သော ၁ လ ကအသိပညာဗဟုသုတများစွာရရှိစေပါသည်။
ဆက်စပ်မေးခွန်းများ
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 2 ခု
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
u win zaw • ဖြေကြားချက် 1 ခု
နွားသေးက ဘယ်နှစ်လထိ အထားခံပါသလည်း ကြာပီဆိုတော့ ပက်ရပါသေးလား
နံပတ်2 • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Thein Soe Min
အားလုံး
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026