လူမှုကွန်ယက်နဲ့ အင်တာနက် စာမျက်နှာ- ဘာ့ကြောင့် အစိမ်းရောင်လမ်းက website ကို အားပြုနေသလဲ
အခု တစ်လော တော်တော် များများက အစိမ်းရောင်လမ်းက ဝက်ဆိုဒ်ကို အားပြုလွန်းတယ်။ တော်ရုံ တန်ရုံဆိုFacebook မှာ တင်လိုက်ရင် လူပိုသိ တာပေါ့လို့ ပြောတတ် ကြ ပါတယ်။ ဒါဟာ ရုတ်တရက် စဉ်းစားရင်တော့ မှန်သလို လိုပါပဲ။ ဒါပေမဲ့ အစိမ်းရောင်လမ်း ရဲ့ ရည်ရွယ်ချက် တွေနဲ့ ပြန် စဉ်းစား လိုက်တဲ့ အခါမှာ Facebook ဟာ အစိမ်းရာင်လမ်း အတွက် အားထားရတဲ့ လူမှုကွန်ယက် မဟုတ်ပါဘူး။ ကဲ ဒါဆိုရင် ဝက်ဆိုဒ် မှာ ဘာ အားသာချက်တွေ ရှိလည်း ကြည့်ကြည့် လိုက်ရအောင်။
ကိုယ်ပိုင်ဝက်ဆိုဒ်ရှိနေခြင်းရဲ့အကျိုးကျေးဇူးများ
၁။အချက်အလက်များကဏ္ဍအလိုက်တစ်စုတစ်စည်း တည်းရှိနေခြင်း
၂။Google, Yahoo စတော့အချက်အလက် ရှာဖွေပေးသောဝက်ဆိုဒ်ကြီး များမှအလွယ်တကူ ရှာဖွေ ပေးနိုင်ခြင်း
၃။အသုံးပြုသူများရှာဖွေရလွယ်ကူခြင်း
၄။အချက်အလက်များကိုကိုယ်ပိုင် စီမံခန့်ခွဲပြီးထိန်းသိမ်း နိုင်ခြင်း
၅။ယုံကြည် စိတ်ချရသောဝက်ဆိုဒ်နဲ့မယုံကြည် ရသောဝက်ဆိုဒ်များကိုခွဲခြားနိုင်ခြင်း
၆။နှစ်လအတန်ကြာ တင်ထားသောအကြောင်းအရာ များကိုအလွယ်တကူရှာဖွေ နိုင်ခြင်း
၇။တာဝန်ယူမှုမြင့်မားခြင်း
၈။အကိုးအကား အဖြစ်အသုံးပြု နိုင်ခြင်း
၉။ကြော်ငြာများကိုမိမိ စိတ်ကြိုက်လက်ခံခွင့် ပြုနိုင်ခြင်း
၁၀။မိမိ တင်ထားသောအချက် အလက် များကိုအရန် သိမ်းဆည်း ထားနိုင်ခြင်း/ အခြား ဆိုဒ် တစ်ခုသို့ကူးပြောင်း တင်နိုင်ခြင်း
၁၁။အဖွဲ့အစည်းရဲ့လုပ်ဆောင် ချက်တွေ၊အဖွဲ့ရဲ့အကြောင်း အရာကိုအများ သူငါအလွယ် တကူရှာဖွေတွေ့ရှိ နိုင်ခြင်း
ဒီအချက် အလက်တွေက အစိမ်းရောင်လမ်း ကိုယ်တိုင် ကြုံတွေ့ ရရှိနေတဲ့ အကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ကိုယ့်အဖွဲ့ အကြောင်းကို ပြည်တွင်း မှာရော ပြည်ပမှာပါ လူသိများ စေချင်ရင် ဝက်ဆိုဒ်တစ်ခု ထောင်လိုက် ခြင်းဟာ အကောင်းဆုံး နည်းလမ်းဆိုတာ ပြောဖို့တောင် လိုမယ် မထင်ပါဘူး။ အစိမ်းရောင်လမ်း အဖွဲ့ရဲ့ ဝက်ဆိုဒ်ကို ဒီနေ့လို အခြေအနေ ဖြစ်လာအောင် Mspiral ကကူညီ တည်ထောင်ပြီး ကတည်းက Gmail က တစ်ဆင့် ဆက်သွယ်တဲ့သူ နည်းသွားပြီး Website ဖတ်ကြည့်ပြီး စိတ်ဝင်စားလို့ ဆက်သွယ်တာပါ ဆိုတဲ့ပြည်တွင်းပြည်ပက စိတ်ဝင်စားသူတွေဟာ သက်သေပါပဲ။
ကိုယ်ပိုင်ဝက်ဆိုဒ်
နောက် လိုအပ်ချက် တစ်ခုကတော့ တင်မယ့်ဝက်ဆိုဒ်ရဲ့ စာတွေဓာတ်ပုံတွေကို သိမ်းထားဖို့နေရာ (hosting) တစ်ခုလိုအပ်ပါတယ်။ အဲဒီအတွက်အလကား သိမ်းလို့ရမယ့်နေရာတွေရှိပေမယ့် သိမ်းနိုင်မယ့် ပမာဏကသေးငယ်ပါတယ်။ လိုရင်းကတော့ကိုယ်ပိုင် ဝက်ဆိုဒ်တစ်ခုကောင်းကောင်း ရဖို့အတွက် ဆိုရင်အားစိုက်ထုတ်မှု တွေတော့လိုအပ် နေပါတယ်။
လူမှုကွန်ရက်(Social Website)
လူမှုကွန်ရက်လို့ရေးရင်လူသိ နည်းမယ် ထင်ပါတယ်။Facebook လို့ပြောရင်တော့မြန်မာနိုင်ငံမှာရှိတဲ့ အင်တာနက် သုံးသူတိုင်း သိကြမှာပါ ။ဖေ့ဘုတ် အပြင် တွတ်တာ၊ ဂူဂဲပလပ်၊ တမ်ဗလာ၊ အင်စတာဂရမ်၊ ဖလစ်ကာအစ ရှိသဖြင့်အများကြီးရှိကြ ပါတယ် ။မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး ဖြစ်တဲ့ဖေ့ဘုတ်ကို အစိမ်းရောင်လမ်းရဲ့ အဓိကစာမျက်နှာ အဖြစ်အသုံးပြုဖို့ စဉ်းစားခဲ့ ဖူးပါတယ်။ ဒါပေမယ့် အဆင် မပြေခဲ့ပါဘူး။ အခြားသူတွေ အားကိုးလောက်တဲ့ စိုက်ပျိုးရေး နည်းပညာဝက်ဆိုဒ် တစ်ခုဖြစ်ဖို့ဆိုရင် တကယ်တော့ဖေ့ဘုတ်က ယုံကြည်ရ လောက်တဲ့နေရာ တစ်ခု မဟုတ်ပါဘူး။ ဥပမာကျောင်းသား တစ်ယောက်က သူ့စာစောင် အတွက် ကိုးကား ကိုဖေ့ဘုတ်ကနေ ယူလိုက်မယ် ဆိုရင် စာစစ်တဲ့ဆရာ အတွက်တော့ထောက်ခံပေးဖို့တော်တော် စဉ်းစားရပါလိမ့်မယ်။ ဒါပေမဲ့ ဝက်ဆိုဒ်မှာရေးပြီး Facebook ပြန်ဝေမျှ ပေးရင်တော့ လူများများဆီ ရောက်နိုင်တယ်လို့ ယူဆတာကြောင့်Facebook ကိုလည်း ဆက်လက် သုံးစွဲ နေရပါတယ်။
နောက်တစ်ချက် ကတော့အကြောင်းအရာ တစ်ခုကိုလိုချင်လို့ပြန်ရှာတဲ့ အခါမှာမလွယ်ကူ ပါဘူး။ တစ်ခါတစ်လေ အကြောင်းအရာကို သိပြီးဘယ်အချိန် ဘယ်သူက တင်လိုက်လဲဆိုတာ မသိလိုက် ရတဲ့ အခါမှာ ဦးနှောက် ခြောက်ရုံ၊ အချိန်ကုန်ရုံက လွဲပြီး ဘာမှရှာမရပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်တင် လိုက်တဲ့စာတစ်ခု ကိုတောင်ပြန်မရှာနိုင် လောက်အောင် ပါပဲ။ ဒီတော့ကျွန်တော်တို့အဖွဲ့ရဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာ တွေကို ထားဖို့နေရာကောင်းတစ်ခု မဟုတ်ဘူး ဆိုတာနားလည်ခဲ့ ပါတယ်။ ဒီနေရာဟာ စိုက်ပျိုးရေး နည်းပညာတွေကို လိုအပ်နေသူ ရှာဖွေနေသူ အတွက်အ ဆင်ပြေ လွယ်ကူ လှတဲ့နေရာ တစ်ခုမဟုတ်ပါဘူး။
ဒါဆိုဘာ့ကြောင့်Facebook နဲ့ Twitter ကိုဆက်သုံးနေတာလဲ။
အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း Facebook ပေါ်မှာ အစိမ်းရောင်လမ်း ဝက်ဆိုဒ်က တင်လိုက်သမျှ နည်းပညာ အသစ်သစ် တွေကိုဖေ့ဘုတ်ပေါ်၊ တွတ်တာပေါ် လင့်(Link) အဖြစ်ပြန်တင်ပေး ခြင်းအားဖြင့်ဖေ့ဘုတ် သုံးစွဲသူများ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် ရည်ရွယ်ပါတယ်။
နိဂုံးချုပ်ပြောရရင် အင်တာနက်ကို ဖုန်းနဲ့ပဲသုံးလို့ အဆင်ပြေတဲ့ အခြေအနေမှာ ကိုယ်က အကြောင်းအရာတစ်ခုသိချင်လို့ ဖုန်းသုံးပြီး ရှာမယ် ဆိုရင်တောင် အင်တာနက်ထဲ ဝင်လိုက်ပြီဆိုတာနဲ့ သံသရာ စက်ဝိုင်းကြီးလည်နေ လိုက်တာများပါတယ်။ ဒါပေမဲ့လည်း အစိမ်းရောင်လမ်း ရဲ့ ဝက်ဆိုဒ်က Facebook နဲ့ ယှဉ်ဖွင့်ရင် ဝက်ဆိုဒ်က အရင်ပွင့် နိုင်အောင် ပေါ့ပေါ့ပါးပါး ပြုလုပ် ထားပေး ပါတယ်။ နောက်ဆိုပညာရေး စနစ် ကြီးလည်း ပြောင်းလို့ ဆရာကခေါင်းစဉ်ပဲ ချပေးကျောင်းသားက ကိုယ်တိုင်စာရှာ ကိုယ်တိုင်ရေးဆိုတဲ့ခေတ် ရောက်လာ ရင်တော့Website ဆိုတာဟာ မရှိမဖြစ်ဖြစ်လာပြီး website ရဲ့ အကျိုးကျေးဇူး တွေကို နားလည် လက်ခံ လာမယ်လို့ ယုံကြည်ရင်းဇွဲခတ်လျက်…………
သိန်းစိုးမင်း
သေသပ်လှပသော ဝက်ဆိုဒ်တစ်ခု ဖန်တီးပေးပါသော Mspiral ကို အထူးးကျေးဇူးတင်ပါတယ်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Thein Soe Min
အားလုံး
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
06/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....