စိုက်ခင်းထဲမှာ နွားသေးသုံးရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ???
နွားတွေရဲ့ စွန့်ထုတ်ပစ္စည်းဖြစ်တဲ့ နွားချေးကိုစိုက်ပျိုးရေးမှာ သုံးတာကောင်းကျိုးဖြစ်ထွန်းတာကို အားလုံးလဲ သိရှိပြီးသားပါ။ ဒါဆိုနွားသေးကိုရော စိုက်ပျိုးရေးမှာ သုံးရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်ဗျ။
နွားသေးကို ရွက်ဖျန်းမြေသြဇာအဖြစ်သုံးလို့ရသလို အပင်ခြေမှာလဲ ဖျန်းပေးနိုင်ပါတယ်။
အပင်တွေကြီးထွားဖို့အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေကတော့ နိုက်ထရိုဂျင်၊ဖော့စ်ဖော့ရပ်နဲ့ ပိုတက်ပါ။ အဲ့ဒီအာဟာရဓာတ်သုံးမျိုးစလုံးက နွားသေးထဲမှာ ပါဝင်နေပြီး အဓိကအားဖြင့် နိုက်ထရိုဂျင်နဲ့ ပိုတက်က ပမာန များစွာပါဝင်နေပါတယ်။
နွားသေးကို စိုက်ခင်းမှာသုံးရင် ဘာကောင်းကျိုးတွေ ရမလဲ? ? ?
-နွားသေးဖျန်းထားတဲ့ မြေတွေက အကျိုးပြု အဏုဇီဝပိုးမွှားကောင်တွေ တိုးပွားလာမယ်။
-အပင်ကြီးထွားမှုကို မြှင့်တင်ပေးနိုင်ရုံသာမက မြေကြီးရဲ့ တည်ဆောက်ပုံကိုပါကောင်းမွန်စေပါတယ်။
-နွားသေးဖျန်းခြင်းက ယူရီးယားသုံးခြင်းထက်တောင် အရွက်တွေပိုစိမ်းစေသတဲ့။
-နွားသေးရဲ့ အာနိသင်က နောက်ရာသီစိုက်တဲ့ သီးနှံထိပါ အကျိုးသက်ရောက်စေပါတယ်။
-တီကောင်တွေ ကြီးထွားဖို့အတွက် ကောင်းမွန်တဲ့ မြေကြီးကို ဖန်တီးပေးတယ်။
-(၁၄)ရက်ကြာ သိုလှောင်ပြီးမှ ဖျန်းတဲ့နွားသေးက ပျတွေနဲ့ အခြားဖျက်ပိုးတွေကို ကာကွယ်ပေးနိုင်သတဲ့။
-အပင်တွေရဲ့ ရောဂါဒဏ်ခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးပါတယ်။
ဘယ်လိုဖော်စပ်သုံးကြမလဲ???
-စုဆောင်းရာမှာတော့ ခက်ခဲနိုင်ပြီး တစ်နေရာတည်းကို စီးဆင်းလာနိုင်တဲ့ အနေထားမျိုးဖန်တီးနိုင်ရင်တော့ ကောင်းပါလိမ့်မယ်။
-နွားသေးတွေကို (၁၅)ရက်ကြာ စုပြီးသိုလှောင်ထားရပါတယ်။
-အပင်ငယ်လေးတွေကို ဖျန်းမယ်ဆိုရင်တော့ (၁၅ )ရက်ကြာသိုလှောင်ထားတဲ့ နွားသေး (၁) လီတာကို ရေ ၁၀ လီတာနဲ့ရောပြီး ဖျန်းနိုင်ပါတယ်။
-အရွယ်ရောက်အပင်တွေကို ဖျန်းမယ်ဆိုရင်တော့ နွားသေး ၁ လီတာကို ရေ (၅)လီတာရောပြီး ဖျန်းနိုင်ပါတယ်ဗျ။
Ref; judith-chase-c7h9.squarespace.com › ...PDF
Cow urine fertilizer: Impacts of cattle urine
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Kyaw Sun
လွန်ခဲ့သော ၃ လ ကနွားသေးကိုအပင်ဘေးပတ်လည်လောင်းလို့ရလား
AKKL
လွန်ခဲ့သော ၈ လ ကပန်းပွင့်တဲ့ အချိန်ဖြန်းလို့ရပါသလား
ဦးကျော်ကျော်ဝင်း
လွန်ခဲ့သော ၁ နှစ် ကနွာသေးကိုအချိန်ဘယ်နှစ်လကြာထိသိုလှောင်ထာလိုရပါသလဲဗျ
ကိုသန့်ဇင်အောင်
လွန်ခဲ့သော ၂ နှစ် ကငရုပ်ပင်ကိုဖျန်းလို့ရပါသလား ဖြေကြားပေးပါအုံး
nyeinchan
လွန်ခဲ့သော ၃ နှစ် ကနွားသေးကိုကြက်သွန်ခင်းဖြန်းလို့ရလားဗျ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from ထွန်းရာဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....