ကိုက်လန်မှာဒီပိုးတွေကျခဲ့ရင် ဘယ်လိုနှိမ်နင်းကြမလဲ
ကိုက်လန်ရွက်က ဗီတာမင်စီဓာတ်ကြွယ်ဝပြီး ကိုယ်ခံအားကောင်းစေပါတယ်။ ဒါ့ကြောင့်လည်းအခုလိုကာလကြီးမှာ စားသုံးမှုများတဲ့ သီးနှံတစ်မျိုးထဲမှာ ပါဝင်နေပါတယ်။ ကိုက်လန်ကို စိုက်တဲ့သူလည်း များလာကြတာမို့ အဓိကကျရောက်ဖျက်ဆီးတတ်တဲ့ ဖျက်ပိုးတွေကို ပြောပြပေးချင်ပါတယ်ဗျ။
၁။ ပျများ( Aphids)

ပျတွေကိုတော့ အရွက်တွေရဲ့ အပေါ်နဲ့အောက်မျက်နှာပြင်မှာ အစုလိုက်တွေ့ရတတ်ပါတယ်။ ဒီကောင်တွေက အရွက်တစ်ရှူးတွေကို ထိုးဖောက်ပြီးပင်ရည်တွေကို စုပ်စားကြတာပါ။ ဒါ့ကြောင့် ပျတွေ အစုလိုက်ကျပြီဆိုရင် အရွက်တွေတွန့်လိမ်ပြီး ပြန်လည်နံ လန်မထူနိုင်တော့ပါဘူး။ ဒါ့ပြင်ပျတွေက honeydew လို့ခေါ်တဲ့ ချိုမြစေးကပ်သောအရာတွေကိုထုတ်ပေးတာမို့ မှိုရောဂါတွေကိုလည်း ဖြစ်စေတတ်ပါတယ်။
ကာကွယ်နှိမ်နင်းနည်း- အစုလိုက်မကျခင် အပင်ပေါ်မှာ ပျကောင်နည်းနည်းတွေ့ပြီဆိုရင် ဆပ်ပြာရည်ဖျန်းပေးပါ (သို့) လက်နဲ့ဖယ်ရှားပေးပါ။ တမာပိုးသတ်ဆေးဖျန်းပေးပါ။ ပျကောင်များစွာကိုစားသုံးနိုင်တဲ့ လိပ်ခုံးကျိုင်းကောင်များကို မွေးမြူပြီးလွှတ်ပေးပါ။
၂။ လှေးကျိုင်း (Flea Beetle)

သေးငယ်တဲ့ အမည်းရောင်ကျိုင်းကောင်လေးတွေဖြစ်ပြီး တချို့က ကျောပြင်ပေါ်မှာ အစင်းကြောင်းနှစ်ခု ပါတတ်ပါတယ်။ အကောင်သေးပေမယ့် အရေအတွက်များရင် ဆိုးရွားစွာပျက်ဆီးစေနိုင်ပါတယ်။ ဒီကောင်တွေကျရောက်ရင် အရွက်တွေမှာ အပေါက်ငယ်များဖြစ်နေတာတွေ့ရသလို မြေကြီးထဲမှာရှိတဲ့ လောက်ကောင်အဆင့်တိုက်ခိုက်ခြင်းကြောင့်လည်း အပင်တွေညိုးသေတာ တွေ့ရတတ်ပါတယ်။
ကာကွယ်နှိမ်နင်းနည်း- အခင်းဘေး ပေါင်းမြက်များကိုရှင်းလင်းပေးပါ။ တမာပိုးသတ်ဆေး၊ ဂန္ဓမာပိုးသတ်ဆေး သုံးနိုင်ပါတယ်။ ထိသေစားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း သုံးပေးပါ။
၃။ ဂေါ်ဖီထုပ်လိပ်ပြာ (Cabbage worm)

သားလောင်းအဆင့်က အဓိကစားသောက်ဖျက်ဆီးတာဖြစ်ပြီး အရွက်တွေပေါ်မှာ အစိမ်းရောင် သားလောင်းကောင်တွေကို တွေ့ရတတ်ပါတယ်။ ဒီကောင်တွေကျရောက်နေရင် အရွက်တွေရဲ့ အဖျားက ပုံပျက်နေသလို ကြီးမားတဲ့ကိုက်ဖြတ်ရာတွေကိုလည်း တွေ့ရပါမယ်။ ဒါ့ပြင် အရွက်အပိုင်းပြတ်တွေနဲ့ အမည်းရောင် ချီးလုံးလေးတွေလည်း တွေ့ရတတ်ပါတယ်။ ဒီကောင်တွေက အငမ်းမရစားသောက်တာမို့ မြန်မြန်ထိန်းချုပ်နိုင်ဖို့ လိုပါမယ်။
ကာကွယ်နှိမ်နင်းနည်း- သားလောင်းကောင်တွေ စတွေ့တာနဲ့ လက်ဖြင့်ကောက်ပြီး ဖယ်ရှားဖျက်ဆီးပစ်ပါ။ အဝါရောင်စေးကပ်ထောင်ချောက်သုံးပြီး အကောင်ကြီးအဆင့် လိပ်ပြာတွေကို ဖမ်းနိုင်ပါတယ်။ ဓာတုဆေးသုံးမယ်ဆိုရင် Acetamiprid, permethrin, carbaryl စတဲ့ဆေးတွေကို သုံးနိုင်ပါတယ်။
၄။ Harlequin Bug

ဒီဖျက်ပိုးက အနီနဲ့အမည်းကြားအရောင် သို့မဟုတ် အဝါနဲ့အမည်းကြားအရောင် ရှိတဲ့ဂျပိုးကောင်ဖြစ်ပါတယ်။ ကိုက်လန်ရွက်ကအရည်ကို စုပ်ယူစားသောက်ကြတာမို့ အရွက်တွေမှာ အဖြူရောင်အစက်ပျောက်တွေ ဖြစ်နေတတ်ပါတယ်။ ဖျက်ဆီးမှုများလာရင်တော့ အရွက်တွေက အဝါရောင်ပြောင်းပြီး ညှိုးသွားတတ်ပါတယ်။
ကာကွယ်နှိမ်နင်းနည်း- အကောင်အနည်းငယ်သာတွေ့ရရင် လက်နဲ့ကောက်ပြီး ဖျက်ဆီးပေးပါ။ စိုက်ခင်းကို ပေါင်းမြက်ကင်းရှင်းအောင်လုပ်ပါ။ ဖျက်ဆီးမှုများလာရင်တော့ တမာပိုးသတ်ဆေး၊ ဂန္ဓမာပိုးသတ်ဆေးတွေသုံးနိုင်ပါတယ်။ Pyrethroids, Carbamates စတဲ့ပင်လုံးပြန့် ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း သုံးပေးနိုင်ပါတယ်။
ကိုက်လန်က အရွက်တွေနဲ့ အဖူးအပွင့်တွေကိုစားရတာမို့ ဖျက်ပိုးတွေကိုနှိမ်နင်းတဲ့အခါမှာ ဓာတုဆေးသုံးတာထက်စာရင် သဘာဝပိုးသတ်ဆေးတွေနဲ့ ကာကွယ်နည်းတွေကို ပိုပြီးသုံးစေချင်ပါတယ်။ မဖြစ်မနေ ဓာတုပိုးသတ်ဆေးသုံးမယ်ဆိုရင်လည်း ရိတ်သိမ်းချိန်မတိုင်မီ (၂)ပတ်အနည်းဆုံးခြားပြီး ဖျန်းပေးပါဗျ။
Ref; https://www.growveg.com/guides/3-common-kale-pests-and-how-to-manage-them/
https://gardenerspath.com/how-to/disease-and-pests/kill-kale-pests-naturally/
https://www.hobbyfarms.com/kale-pests/
shwe ya min
လွန်ခဲ့သော ၁ လ ကအပင်ရဲ့အမြစ်တွေရိပီးတစ်ဖြေးဖြေးသေတာဘာကြောင့်လဲရှင့်
Hnin Lae Aung
လွန်ခဲ့သော ၃ နှစ် ကဂေါ်ဖီထုပ်လိပ်ပြာဖျက်ဆီးပုံလေးတင်ပေးပါရှင့်
Nan Win Htike
လွန်ခဲ့သော ၄ နှစ် ကဆေးနာမည်လေးပြောပေးပါဗျ...ကျွန်နော့်အစိုက်ခင်းမှာအရမ်းကြနေလို့ပါ..လှေကျိုင်းကောင်ပိုးတွေ..
Nan Win Htike
လွန်ခဲ့သော ၄ နှစ် ကလှေကျိုင်းကောင်းတွေကျွန်နော့်စိုက်ခင်းမှာအရမ်းကြနေတာဗျ..ကျေးဇူးပါ ...အပင်တွေကောင်းပီးအရွက်မကောင်းတော့စိတ်ညစ်ရတာဗျာ.နှစ်လခွဲလောက်ရှိနေပီဗျ...
htet myat noe
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါရှင့်
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
စပါးအပင်သက်တမ်း၈၀ရိှိပါပြီ ပုံမှာအောက်ခြေအရွက်အနည်းငယ်ခြောက်တာ ဘာကြောင့်ဖြစ်နိုင်ပါသလဲ
ဦးမြတ်သူ • ဖြေကြားချက် 2 ခု
ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ
Nyi Nyi Aung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
More from ထွန်းရာဇာ
အားလုံး
အလွယ်ကူဆုံး ပေါင်မုန့်ဖုတ်နည်း
24/08/2021
မိုးလယ်နဲ့ မိုးနှောင်းကာလမှာစိုက်ပျိုးသင့်တဲ့ ဟင်းသီးဟင်းရွက်များ
22/08/2021
ကြက်သွန်နီဥတွေမှာ အမည်းရောင်မှိုလေးတွေရှိနေပြီလား
18/08/2021
အဖိုးနည်းပေမယ့် အကျိုးများတဲ့ ငုံးဥ
13/08/2021
ရောဂါခုခံစွမ်းအားကိုမြှင့်တင်ပေးတဲ့ ဇင့်(Zinc)ပါဝင်သော အစားအစာများ
28/07/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....