စိုးမိုးနိုင်
တောင်သူ · ပြင်ဦးလွင်
ကျေးဇူးပါ အကို
ပုတိမ်ငို စိုက်ပျိုးနည်း နဲ့ ဇီဝကမ္မ ဖြစ်ပုံ အဆင့်ဆင့်ကို သိချင်ပါတယ် (ပုတိမ်ငိုရဲ့ မျိူးးရိုးဗီဇ ကိုလဲ အထူးသိချင်ပါတယ် အလင်းပြပေးပါ ဆရာတို့
ကျေးဇူးပါ
ဖြူစေရီယမ် နဲ့ပက်သက်ပီ မေးချင်ပါတယ် ကျနော်တို့ စိုက်ခင်းတေမာ ဖြူစေရီယမ်တေ ကျရောက်မှု့ များပြားလာပါတယ် အဆိုးဆုံးက ကျရောက်ပီသာ စိုက်ခင်းက မျိူးပြန်ယူလို့မရတာ ပြန်ယူတဲ့မျိုးမာပါ ရောဂါက ပါလာတာ အဲ့တော့ ရောဂါမကျရောက်သေးတဲ့ မြေမာပါ ရောဂါကူစက်လာမယ် အဓိကက(ဂန္ဓမာ)စံပယ်ဖြူနဲ့ ချက်စိမ်းပေါ့ အရိုးပင်စည် ပွခြင်ကြောင့် ရောဂါကူးစက် မြန်တယ် ရောဂါ ပြန့်ပွားမှု့မြန်တယ် ကျရောက်နေတဲ့အခင်းက မျိုးပြန်ထွက်ဖိုမလွယ်ပါဘူး ထွက်လာတဲ့ပန်းမျိုးတောင် အားမကောင်းပါဘူး အဲ့တော့ ကျနော်တို့ ပန်းစိုက်သူတေ ရောဂါ မကျရောက်တဲ့ခင်းက ရှာဝယ်ရတော့ပါတယ် လိုသလောက် မျိုးမရကြတော့ပါ ဖြူစေရီယမ် ကို ဘလို ကာကွယ်မလဲ ကျရောက်ပြီဆို ဘလိုကုသမလဲ ဘလိုကြိုတင်ကာကွယ်မလဲ ((မြေမှာ ထုံးထည့်မယ် ယူရီးယား ခေါ်(ပုလဲ)ရှောသုံးမယ် ပိုတက်ဆီယမ်း မြေသြဇာ ပိုသုံးကြ ရမယ်ဆိုတာလောက်တော့ သိထားပါတယ် )) တစ်ခြားသိထားရမဲ့ ကာကွယ်ကုသနည်းတေရှိရင် အလင်းပြပေးပါ လေးစားလျှက် Green way ခေတ်လူ