အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုးမိုးနိုင်
လွန်ခဲ့သော ၆ နှစ် က · ခင်ဦး

ဖြူစေရီယမ် နဲ့ပက်သက်ပီ မေးချင်ပါတယ် ကျနော်တို့ စိုက်ခင်းတေမာ ဖြူစေရီယမ်တေ ကျရောက်မှု့ များပြားလာပါတယ် အဆိုးဆုံးက ကျရောက်ပီသာ စိုက်ခင်းက မျိူးပြန်ယူလို့မရတာ ပြန်ယူတဲ့မျိုးမာပါ ရောဂါက ပါလာတာ အဲ့တော့ ရောဂါမကျရောက်သေးတဲ့ မြေမာပါ ရောဂါကူစက်လာမယ် အဓိကက(ဂန္ဓမာ)စံပယ်ဖြူနဲ့ ချက်စိမ်းပေါ့ အရိုးပင်စည် ပွခြင်ကြောင့် ရောဂါကူးစက် မြန်တယ် ရောဂါ ပြန့်ပွားမှု့မြန်တယ် ကျရောက်နေတဲ့အခင်းက မျိုးပြန်ထွက်ဖိုမလွယ်ပါဘူး ထွက်လာတဲ့ပန်းမျိုးတောင် အားမကောင်းပါဘူး အဲ့တော့ ကျနော်တို့ ပန်းစိုက်သူတေ ရောဂါ မကျရောက်တဲ့ခင်းက ရှာဝယ်ရတော့ပါတယ် လိုသလောက် မျိုးမရကြတော့ပါ ဖြူစေရီယမ် ကို ဘလို ကာကွယ်မလဲ ကျရောက်ပြီဆို ဘလိုကုသမလဲ ဘလိုကြိုတင်ကာကွယ်မလဲ ((မြေမှာ ထုံးထည့်မယ် ယူရီးယား ခေါ်(ပုလဲ)ရှောသုံးမယ် ပိုတက်ဆီယမ်း မြေသြဇာ ပိုသုံးကြ ရမယ်ဆိုတာလောက်တော့ သိထားပါတယ် )) တစ်ခြားသိထားရမဲ့ ကာကွယ်ကုသနည်းတေရှိရင် အလင်းပြပေးပါ လေးစားလျှက် Green way ခေတ်လူ

ပိုးမွှားရောဂါ ဂန္ဓမာ
Post image
3

ဖြေကြားချက် ၃ ခု

စိုးမိုးနိုင်
စိုးမိုးနိုင် 1,342 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၆ နှစ် က

ထရိုင်ကိုဒါးမားမှို ကိုသုံးပေးပါ။ မြေပြင်ချိန်ရော ပျိုးခင်းမှာပါ အသုံးပြုနိုင်ပါတယ်။ မျိုးစေ့များကို ထရိုင်ကိုဒါးမားနဲ့ လူးနယ်စိုက်ပျိုးလို့ရပါတယ်ရှင်။ အမှုန့်မျိုး ၂ ထုပ်ကို ဖွဲနု ၅ ဆ မြေ ၁ဝ ဆဖြင့် ရောကာ ထန်းလျက် ၂၅ ကျပ်သားကို ရေ ၆ဝ % ရှိစေရန် ဖျော်ကာ ရောစပ်ပါ။ ထိုမြေအရော ကို ပျိုးအိုး၊ ပျိုးထုပ်များ အတွက် စိုက်ပျိုးနိုင်ပါသည်။ ညိုးသေရောဂါဖြစ်ပွား နေသော စိုက်ခင်းများသို့လည်း ထိုမြေအရောကို ကြဲပက်ပေးပါ။ စိုက်ပျိုးပြီးဖြစ် ပါက သီးနှံပင် တစ်ပင်လျှင် Trichoderma မှိုအရောကို (၂ဝ-၂၅)ဂရမ် ထည့် ၍ စိုက် ပျိုး နိုင်ပါသည်။ အခြားသော ဓာတုမှိုသတ်ဆေးများ နှင့် ရောစပ်၍ အသုံးမပြုသင့်ပါ။ ကိုးကား- ဒေါက်တာသန်းသန်းစိန်(The Seed-မျိုးစေ့ facebook page)

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၆ နှစ် က

ဖြူစေရီယမ်ပင်ညှိုးရောဂါက မြေဆောင်ရောဂါဖြစ်ပါတယ်။ မြေဆောင် ရောဂါရဲ့သဘောတရားက ရောဂါကျနေတဲ့မြေမှာစိုက်မိပြီဆိုရင် ပင်ပိုင်း ပင်စည်တွေကနေပျံ့နှံ့သွားတော့ မျိုးစေ့ပြန်ယူပြီး မြေအလွတ်မှာစိုက် ရင်လည်း ရောဂါဖြစ်ပွားမှုနှုန်းက များနေမှာပါပဲ။ ရိတ်သိမ်းတဲ့အခါကျရင် ရောဂါကျနေတဲ့ အပင်တွေကိုဖယ်ရှားပေးမယ်ဆိုရင် မျိုးစေ့မှကူးစက် နှုန်းနည်းသွားမှာပါ။ ရိတ်သိမ်းပြီး နောက်ရာသီမစိုက်မီ မြေကိုထယ်ရေး နက်နက်ထိုးပေးပါ။ မြေချဉ်ငံဓာတ်ကို ၆.၅ မှ ၇ တွင်ထိန်းထားနိုင်ရင်ရောဂါကာကွယ်နိုင်ပါတယ်။အဓိက ကတော့ခံနိုင်ရည်ရှိတဲ့မျိုးတွေကို စိုက်နိုင်ဖို့ပါပဲ။ မျိုးစေ့တွေကို မစိုက်မီ မှိုသတ်ဆေးနဲ့လူးနယ်ပြီးမှ စိုက်ပါ။ရောဂါကျရောက်နေတဲ့အခင်းတွေကိုတော့ ထိရောက်မှုရှိတဲ့ မှိုသတ်ဆေးကိုအသုံးပြုပါ။ ဖြူစေရီယမ် ကိုခံနိုင်ရည်ရှိတဲ့ တစ်ခြားသီးနှံတွေကို သီးလှည့်စိုက်ပျိုးပေးတာတွေလုပ်ပေးနိုင်ပါတယ်ရှင့်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။