အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၆ နှစ် က · ကသာ

နှမ်းက ဘယ်အချိန်ကာလမှာစိုက်ပျိုးရတာလဲပ

စိုက်ပျိုးနည်း နှမ်း နှမ်းစိုက်ချိန်
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

စိုက်ချိန်က ဒေသရဲ့ရာသီဥတုအခြေအနေနဲ့ရေသွင်းနိုင်မှုအပေါ်မူတည်ပြီးစိုက်သင့်ပါတယ်။နွေနှမ်းဆိုရင်ရေသွင်းနိုင်မှစိုက်သင့်ပါတယ်။မိုးကြိုနှမ်းကမိုးဦးမိုးရေနဲ့အတူ မေ..ဇွန်မှာရွာတဲ့မိုးရေတို့ကိုအားပြုပြီးစိုက်ရပါတယ်။မိုးနှောင်းနှမ်းကိုတော့စက်တင်ဘာလကုန်နောက်ဆုံးထား စိုက်ကြပါတယ်။ဒါကြောင့် ကသာနယ်ကဆိုတော့ကိုယ့်ဒေသရဲ့မိုးလေဝသအခြေအနေပေါ်မူတည်ပြီးစိုက်သင့်ပါတယ်။နှမ်းပင်ရဲ့သဘာဝက ရေအစိုဓာတ်ရှိနေတာကိုကြိုက်တယ်၊ရေဝပ်တာကိုတော့မကြိုက်ဘူး။ရင့်မှည့်ချိန်နဲ့ရိတ်သိမ်းချိန်မှာမိုးလွတ်ရမယ်။နှမ်းပင်ရဲ့သက်တမ်းက ရက်၉၀ ..၉၅ ရက်ရှိတာမို့ ချိန်ဆပြီးစိုက်ချိန်ကိုရွေးချယ်ပါ။နှမ်းကအလင်းရောင်နဲ့အပူကိုတော့ကြိုက်နှစ်သက်တယ်ဗျ။

80,436 လွန်ခဲ့သော ၆ နှစ် က

နှမ်းစိုက်ပျိုးဖို့ အသင့်တော်ဆုံးအချိန်တွေကတော့ မိုးကြိုမှာဆိုရင်တော့ ဖေဖော်ဝါရီ- မတ် ၊မိုးဦးမှာဆိုရင် မေ-ဇွန်လ၊ မိုးလယ်မှာဆိုရင် သြဂုတ်လ၊ မိုးနှောင်းမှာဆိုရင် အောက်တိုဘာ-နို၀င်ဘာလတို့ဖြစ်ကြပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။