အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,398
လွန်ခဲ့သော ၆ နှစ် က · ရွှေဘို

နှမ်း၁လကျော်ရှိကါပီအပင်မဖြစ်လို့ဘာဆေးဖျန်းရမလဲရှင်တချိုပင်တွေကပန်းပွင့်နေပီ

စိုက်ပျိုးနည်း နှမ်း နှမ်းပင်ပြုစုခြင်း
Post image
13

ဖြေကြားချက် ၁၃ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

အပင်မှုန်းပြီး အပင်အားဆေးတစ်ကြိမ်ဖြန်းပါတယ်။အားဆေးဖြန်းပြီး အစာကြွေးရေသွင်းပါတယ်။အပင်ကို နုစဉ်အခါတွင် ပြုစုရပါတယ်။ အပင်၏ဖြစ်ထွန်းနိုင်စွမ်းမြင့်မားနေချိန်ဖြစ်ခြင်းကြောင့် ကြီးထွားနုန်း အသီးထွက်နုန်းနှင့် အပင်၏ အကောင်းဆုံးအနေထားကို ရောက်စေသောအချိန်သည် ပင်စည်နှင့်တကွ အမြစ်များနုနယ်သောအချိန်ဖြစ်သည်။မြေဩဇာထည့်သွင်းပြီးတိုင်းရေကို ပါးပါးမြန်မြန် အပင်၏အခြေနေကိုကြည့်ပြီး မြေဩဇာစားသုံးနိုင်အောင်စီမံပေးရပါမည်။ဆယ်ငါးပတ်လည် တီစူပါကဲ့သို့ ပျော်ဝင်သတ္တိနည်းပြီးကြာရှည်ခံသော မြေဩဇာများကို လျင်မြန်စွာစားသုံးနိုင်ဖို့ဆိုလျင် ရေနှင့်ဖျော်၍ ကြက်ချီး နွားချီး မြေသင်းမြေဆွေးတို့ကို သင့်တော်သော ပမာဏကို ချိန်ဆရောစပ်ထည့်သွင်းအသုံးပြုနိုင်ပါသည်။

1,398 လွန်ခဲ့သော ၆ နှစ် က

တီစူပါနဲံပုလဲ၁ဧကဘယ်နှုန်ထည့်ရမလဲအပင်မှုန်းပီနောက်တစ်ရက်ရေေပေးမြေဆီကျဲရမလား

111,325 လွန်ခဲ့သော ၆ နှစ် က

နှမ်းက အပင်မှုန်းပြီး ‌မြေဩဇာတစ်ကြိမ်ထည့်သွင်းပါတယ်။ပေါင်းလိုက်ပေးပါတယ်။တစ်ချို့ကတော့ ကြက်ချီးနွားချီး မြေဆွေးတို့ကို တီစူပါ ပုလဲတိုနှင့်ရောစပ်ပြီး အပင်တန်းကြားတစ်လျောက် ပစ်ကြဲထည့်သွင်းပြီး ပေါင်းနှင့်အတူ မြေလုံးပေးကြပါတယ်။ပြီးရေသွင်းပေးပါတယ်။နှမ်းပင်အတက်မှန်ပြီး အသီးကျကောင်းအောင် ထိုအချိန်ဟာ အပင်နုစဉ်မှာ မြေဩဇာကို အကောင်းဆုံး အသုံးပြုသင့်တဲ့အချိန်ပါပဲ။နောက်ထပ်မြေဩဇာအနေဖြင့် အဖူးထွက်ခါနီးအချိန် ပုလဲမြေဩဇာကို အဖူးမထွက်ခင် ထည့်ပေးနိုင်ပါတယ်။အဲဒီနောက် ပိုးကိုပဲဂရုစိုက်ရပါမယ်။မြေဩဇာထပ်သုံးရန်မလိုတော့ပါ။ထိုကြောင့် ကြဲစိုက်တာထက်ပိုမိုကောင်းမွန်တဲ့စနစ်ကို မြောင်းဆွဲပြီးစိုက်ကြပါတယ်။

1,398 လွန်ခဲ့သော ၆ နှစ် က

မနက်မှုန်မလို့ပီရင်ဘာလုပ်ရမလဲကျမနှမ်းမစိုက်ဘူးလို့ပါ

234 လွန်ခဲ့သော ၆ နှစ် က

နှမ်းကထယ်ရေးကောင်းကြိုက်ပါတယ်

111,325 လွန်ခဲ့သော ၆ နှစ် က

နည်းတယ်ဆိုတာထက် ပုလဲကို ထည့်သွင်းပြီးတိုင်း ရေဝအောင်သွင်းပေးဖို့တော့လိုပါတယ်။

1,398 လွန်ခဲ့သော ၆ နှစ် က

ရေဖျန်တုံးကပုလဲ၁ဧက၂ပြည်ပဲကျဲလိုက်တယ်နည်းလား

1,398 လွန်ခဲ့သော ၆ နှစ် က

ပုလဲနဲ့လက်ချာဘယ်နှစ်ကြိမ်ဖျန်းရမလဲ

270,769 လွန်ခဲ့သော ၆ နှစ် က

ဆင်းရတနာ ၃ ကတော့အစိုက်များတယ်ဆိုတော့ မြေသြဇာလေးကျွေးပေး။ အပင်တွေကြပ်နေရင် မှုန်းပေးပါ။ အဆင်ပြေပါစေရှင့်။

1,398 လွန်ခဲ့သော ၆ နှစ် က

ဆင်ရနာ၃

111,325 လွန်ခဲ့သော ၆ နှစ် က

နှမ်းမျိုးညံ့တယ်ထင်ပါတယ်။မျိုးကောင်းမျိုးသန့်ရှာပြီး ကြဲဖို့လည်းလိုပါတယ်။စိုက်ပျိုးကြဲချစဉ်မှာ နည်းစနစ်မှန်ကန်ကောင်းမြတ်ဖို့လည်းအရေးကြီးပါတယ်။

1,398 လွန်ခဲ့သော ၆ နှစ် က

မေသြဇာကျေျတယ်ရေလဲပေးတယ်

270,769 လွန်ခဲ့သော ၆ နှစ် က

မြေသြဇာမကျွေးထားရသေးရင် ပုလဲကျွေးပြီး ရေပေးပါ။ သီးပွင့်ခါနီးရင်ပုလဲ+လက်ချားလေးထည့်ပေးပါ။ အပင်တွေလည်းကျပ်တယ်နဲ့တူပါတယ်။ အပင်တွေမှုန်းပေးပါလားရှင့်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။