အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,884
လွန်ခဲ့သော ၆ နှစ် က · မလှိုင်

နှမ်းသည်ရာသီရှိပါသလာခင်ဗျာ မက်လကုန်မှစိုက်ရင်အဆင်ပြေလားဗျ နှစ်မကူပဲစိုက်ရင်အဖိုများတယ်လို့ပြောနေကြဟုက်ပါသလား ပ...

နှမ်းသည်ရာသီရှိပါသလာခင်ဗျာ မက်လကုန်မှစိုက်ရင်အဆင်ပြေလားဗျ နှစ်မကူပဲစိုက်ရင်အဖိုများတယ်လို့ပြောနေကြဟုက်ပါသလား ပတွေ့အကြုံမရှိလို့ပါ လင်းပေးပါဦးဗျာ

စိုက်ပျိုးနည်း နှမ်း နှမ်းစိုက်ချိန်
3

ဖြေကြားချက် ၃ ခု

9,884 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါပဲ ဗျာခုလိုရှင်းပြပေးတာ

79,224 လွန်ခဲ့သော ၆ နှစ် က

နှမ်းစိုက်ပျိုးထုတ်လုပ်ခြင်း နှမ်းစိုက်ပျိုးနည်းနဲ့ပတ်သတ်လို့ အတွေ့အကြုံတွေလိုချင်ရင်တော့ အစိမ်းရောင်လမ်းမှာ ဆောင်းပါးတွေတင်ထားတာရှိပါတယ်အစ်ကို လေ့လာနိုင်ပါတယ်

79,224 လွန်ခဲ့သော ၆ နှစ် က

စိုက်ချိန် ကို မေ-ဇွန် (မိုးရာသီ)၊ စက်တင်ဘာ (မိုးနှောင်း)၊ ဖေဖော်ဝါရီ (မိုးကြို) ဆိုပြီး ၃ ရာသီစိုက်ပျိုးနိုင်ပါတယ်။ သက်တမ်းက ၃ လအနည်းဆုံးဖြစ်တဲ့အတွက် အစ်ကို မတ်လကုန်မှစိုက်မယ်ဆို ဇွန်လ ကုန်ရင်ရိတ်ရမယ့်အချိန်မျိုးဖြစ်ပါလိမ့်မယ်။ရာသီဥတု၊မိုးရွာသွန်းမှုတွေနဲ့ချင့်ချိန်စိုက်သင့်တယ်လို့ထင်ပါတယ်။နှမ်းဖိုတယ်ဆိုတာကတော့ ရောဂါကျတာပါ။ရာသီဥတုက ရောဂါကျရောက်မှုကို အားပေးတဲ့အခြေအနေမျိုးဆိုရင်တော့ ဘယ်အချိန်စိုက်စိုက်နှမ်းဖိုတာမျိုုးဖြစ်တတ်ပါတယ်။ဘက်စုံကြိုတင်ကာကွယ်နည်းတွေနဲ့ ကာကွယ်ထားမယ်ဆိုရင်တော့ နှမ်းဖိုခြင်းကို မဖြစ်အောင်ပြုလုပ်နိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။