အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,045
လွန်ခဲ့သော ၆ နှစ် က · ဝါးခယ်မ

စပါးပင်တွေ ဘာဖြစ်တာလဲဗျ ၁လခွဲရှိပြီ တစ်ချက်လောက်လမ်းညွှန်ပေးပါအုံးဆရာတို့

ပိုးမွှားရောဂါ စပါး စပါးနီတို စပါးပင်နှင့်အာဟာရ
Post image
Post image
Post image
Post image
5

ဖြေကြားချက် ၅ ခု

1,566 လွန်ခဲ့သော ၆ နှစ် က

hi

580 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော် စပါးလဲဒီဖြစ်တယ်အမ်ကာဘိုဆေးရေနဲအားကောင်းနဲစပ်ဖြန်းတာကောင်းသွားတယ်

174 လွန်ခဲ့သော ၆ နှစ် က

ရွှေဖျူရန်ကျဲးပါ

1,045 လွန်ခဲ့သော ၆ နှစ် က

ဘာဆေးသုံးရမလဲ ဆရာ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အခင်းက ကွက်ပြီးနီညိုရောင်သန်းမယ်.အပင်တွေကပုပြီးပင်ပွားနည်းမယ်ဆိုရင်တော့ ကန့်ဓာတ်အဆိပ်သင့်တာနဲ့သံဓာတ်အဆိပ်သင့်တာ တစ်ခုခုဖြစ်နိုင်ပါတယ်။အပင်ခြေကသမန်းမြေကိုနမ်းကြည့်လို့ ကြက်ဥပုပ်နံ့ နံတယ်ဆိုရင် ကန့်ဓာတ်အဆိပ်သင့်တာပါ။သံချေးနံ့ နံတယ်ဆိုရင်သံဓာတ်အဆိပ်သင့်တာပါ။စပါးပြီးစပါးဆက်တိုက်စိုက်တဲ့အခင်းတွေ(မိုးစပါးပြီးနွေစပါးစိုက်ခြင်း)တွေမှာဖြစ်တတ်ပါတယ်။စိမ့်ဖမ်းတာ..နီတိုဖမ်းတာလို့လည်းခေါ်ကြတယ်။အဆိပ်သင့်မှုလျော့အောင် သမန်းနှိုးပေးရပါမယ်။စက်ဖွဲ​ပြာထည့်ပေးရပါမယ်။ဖော့စ်ဖိတ်နဲ့ပိုတက်မြေသြဇာထည့်ပေးရင်လည်းသက်သာနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။