အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,599
လွန်ခဲ့သော ၆ နှစ် က · သုံးခွ

ပဲပင်ကြီးလာရင် အရွက်ကညိုပီးထူလာတယ် အဲ့လိုဖြစ်သွားရင် အသီးသီးတာနဲသွားတယ်ဗျ အဲ့တာအားဆေးကြောင့်လား ဘလိုလုပ်ရမလဲ...

ပဲပင်ကြီးလာရင် အရွက်ကညိုပီးထူလာတယ် အဲ့လိုဖြစ်သွားရင် အသီးသီးတာနဲသွားတယ်ဗျ အဲ့တာအားဆေးကြောင့်လား ဘလိုလုပ်ရမလဲပြောပြပေးကြပါ

စိုက်ပျိုးနည်း ပဲတီစိမ်း ယူရီးယား ပုလဲဓာတ်မြေသြဇာ
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ပဲစင်းငုံကလွဲရင်ကျန်ပဲမျိုးအများစုက သက်တမ်းတိုကြပါတယ်။ပဲပင်ရဲ့အမြစ်တွေဟာမြေထဲကအဟာရဓာတ်တွေနဲ့ရေကို အပင်အတွက်စုတ်ယူပေးပါတယ်.အဲဒီအမြစ်မှာပဲမြစ်ဖုတွေရှိတာကိုသတိထားမိလား.ဒီပဲမြစ်ဖုတွေကလေထဲကနိုက်တြိုဂျင်(ပုလဲဓာတ်) ကိုဖမ်းယူပြီးအပင်စားသုံးနိုင်အောင်ဖန်တီးပေးပါတယ်။စောစောကပဲပင်ရဲ့အမြစ်ကစုပ်ယူလိုက်တဲ့ရေရယ်..လေထဲကကာဗွန်ဒိုင်အောက်ဆိုက်ရယ်..ကိုနေရောင်ခြည်အကူအညီနဲ့အစာချက်ပါတယ်.ချက်​ပြီးတဲ့အစာတွေကိုအမြစ်ရဲ့အစာကြောကတဆင့်တစ်ပင်လုံးကိုပို့ဆောင်ပေးတဲ့အတွက်အပင်အစိတ်အပိုင်းတွေကြီးထွားဖွံ့ဖြိုးလာတာဖြစ်ပါတယ်.ဒါကလည်းပန်းစပွင့်တဲ့အချိန်ထိပါဘဲ.ပန်းပွင့်ပြီး ​​နောက် ပိုင်းမလုပ်ပေးတော့ပါဘူး.ဒါကြောင့်အောက်ပိုင်းအရွက်တွေဟာ ဝါမယ်..ညိုမယ်..ခြောက်လာမယ်..ပြီးရင်ကြွေကုန်တယ်။အဲဒါကိုသိရှိလာပြီးနောက်ပိုင်းအပင်စိမ်းစိုပြီးကြီးထွားနေအောင်ရယ်...သီးပွင့်မှုအားကောင်းရန်အတွက် ပုလဲ+လက်ချားဆေးဆိုတာအသုံးပြုလာကြခြင်းဖြစ်ပါတယ်။ဆေးဖျန်းပုံးတစ်ပုံးကို ပုလဲ ၁၆ဇွန်း +လက်ချား ၄ဇွန်း နှုန်းရောပြီးပက်ဖျန်းရပါမယ်။(ဇွန်းက ထမင်းစားတဲ့ စတီးမြင်းခေါင်းဇွန်းပါ)။ဒါကြောင့် ပုလဲ.လက်ချားဆေးအသုံးပြုကြည့်ပါ.

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

တချို့အားဆေးတွေဖျန်းရင် အရွက်တွေအရမ်းဖားပြီး ညိုညိုကြီးတွေဖြစ်တတ်တယ် ပဲပင်ဆိုတာက အရွက်က ငှက်ပျောညွှန့်အရောင်လေးသန်းနေမှ အဆင်ပြေတာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။