အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
928
လွန်ခဲ့သော ၆ နှစ် က · ကျိုက်လတ်

စပါးပင် အမြစ်များ တွင် သံချေးရောင်ကပ်နေပြီး အရွက် ထိပ်ပိုင်း တွေ ခြောက်နေပါသည် ဘာဖြစ်နေတာလဲ ဖြေရှင်းပေးပါဦးခင်...

စပါးပင် အမြစ်များ တွင် သံချေးရောင်ကပ်နေပြီး အရွက် ထိပ်ပိုင်း တွေ ခြောက်နေပါသည် ဘာဖြစ်နေတာလဲ ဖြေရှင်းပေးပါဦးခင်ဗျား။ လေးစားစွာ တောင်းဆိုအပ်ပါသည်။

ပိုးမွှားရောဂါ စပါး သံဆိပ်သင့်ခြင်း
Post image
Post image
Post image
Post image
Post image
5

ဖြေကြားချက် ၅ ခု

928 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ ခင်ဗျား။

928 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူး တင်ပါ တယ် ခင်ဗျား။

232 လွန်ခဲ့သော ၆ နှစ် က

ထုံးတစ်ဧကကိုယ်ဘယ်လောက်နုန်းထည့်သင့်ပါသလည်းခင်ဗျာ

270,769 လွန်ခဲ့သော ၆ နှစ် က

ဆရာကြီးအကြံပြုထားတာကောင်းပါတယ်ရှင်။ ထပ်လောင်းအနေနဲ့ မြေချဉ်ငန်ဓာတ်နည်းရင်ဖြစ်တဲ့အတွက်ကြောင့် ထုံးထည့်ပေးနိုင်ပါတယ်။ ရေထုတ်ပေးပြီး ၇-၁၀ ရက်ကြာစပါးခင်းကိုလေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးသင့်ပါတယ်ရှင်။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

စပါးခင်းဟာ သံချေးရောင်/နီညိုရောင်သန်းနေမယ်.အပင်တွေပုနေမယ်.အပင်ကြီးထွားနှုန်းမကောင်းဘူး.ပင်ပွားနည်းမယ်.အမြစ်ကသံချေးရောင်ပေါက်နေမယ်. အမြစ်အားနည်းနေမယ်. အပင်ကိုနှုတ်ကြည့်ပြီးအပင်အောက်ပိုင်း/အမြစ်က်ုနမ်းကြည့်ရင် သံချေးနံ့ နံမယ်. အဲဒါဆိုရင် သံဆိပ်သင့်တာပါ။ဖော့စ်ဖိတ်နဲ့ပိုတက်မြေဆီ ကျွေးရပါမယ်။သမန်း(တမန်း)နှိုးပေးရပါမယ်။စပါးပြီးစပါး(မိုးစပါးပြီးနွေစပါး)ဆက်တိုက်စိုက်တဲ့အခင်းတွေမှာဖြစ်တတ်ပါတယ် မြေပြင်ချိန်မှာ စပါးခွံဖွဲပြာထည့်ပေးရပါမယ်။သီးလှည့်အနေနဲ့မိုးစပါးပြီးရင်အခြားသီးနှံ(ပဲတစ်မျိုးမျိုး)စိုက်သင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။