အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
7,833
လွန်ခဲ့သော ၆ နှစ် က · ပခုက္ကူ

မြေကြီး ကို မစိုက်ပျိုးခင် 4လကွာလောက် ကြို ထွန် တာ စက်ခုတ်တာ ကောင်း လား စိုက်ပျိုးရေး လုပ်ရန် နီးမှ မြေပြင်တာ...

မြေကြီး ကို မစိုက်ပျိုးခင် 4လကွာလောက် ကြို ထွန် တာ စက်ခုတ်တာ ကောင်း လား စိုက်ပျိုးရေး လုပ်ရန် နီးမှ မြေပြင်တာကောင် ခွဲခြားပြီး ရှင်း ပြပေး ပါ ဆရာ တို့ ခင်ဗျား ပခုက္ကူ နယ်ကစိုက်မူ ဝါသနာ ပါ သူ ကိုသန်းလိူင် ပါခင်ဗျား

Post image
Post image
4

ဖြေကြားချက် ၄ ခု

9,608 လွန်ခဲ့သော ၆ နှစ် က

ကျတော်တို့လဲလုပ်ချင်တယ်၊ပိုက်ဆံလျော်ကိုဘယ်လိုရှာရမလဲဗျ။

7,833 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ ဆရာ ကျနော် လို လက်တွေ့ စိုက်ပျိုးရေး လုပ်နေတဲ့ တောင်သူတွေကို ရှေ့ ဆက် များများ အသိပညာ အတတ်ပညာ တွေ ဖြန် ့ဝေနိုင်ပါစေ

2,031 လွန်ခဲ့သော ၆ နှစ် က

ကောင်းတာပေါ့ ၃ စပ် ၄စပ်လောက်ထွန်ပေါ့

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

၄လလောက်ကြို​ပြီးစက်ခုတ်ထားမဲ့အစား မြေဖုံးသီးနှံတစ်ခုခုစိုက်သင့်ပါတယ်။ဥပမာ,ပဲမျိုးရင်းဝင်အပင်တစ်မျိုးမျိုးပေါ့။မြေပဲမစိုက်ခင်၂ပတ်အလိုမှာအဲဒီအပင်တွေကိုထယ်မှောက်ပြီးဆွေးသွားအောင်နှပ်ထားလိုက်ပါ။ဆွေးသွားရင် အပင်ဆွေးမြေဆွေးသာမက အဟာရလည်းများစွာရရှိနိုငိပါတယ်။သစ်စိမ်းမြေသြဇာလို့ခေါ်ပါတယ်။စမ်းပြီးသစ်စိမ်းမြေသြဇာာအနေနဲ့အသုံးပြုချင်တယ်ဆိုရင် ပိုက်ဆံလျှော်ဟာအကောင်းဆုံးပါ။ပခုက္ကူကဆိုတော့ မကျည်းကိုးပင်,မြောက်လူးကန်,ကန်တော်,ချောင်းဦးတို,ညောင်ပင်ရွာတွေမှာ စုံစမ်းကြည့်ပါ။ဒီနည်းပညာကိုအသုံးပြုနေကြပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။