အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,212
လွန်ခဲ့သော ၆ နှစ် က · ကန်ကြီးထောင့်

ယူရီယားမြေဩဇာနဲ့လက်ချားရောစပ်ပက်ဖြန်းပေးရင်မတ်ပဲ ပဲတီစိမ်းအသီးအပွင့်ကောင်းစေတယ်ဆိုတာမှန်ပါသလားမှန်ရင်တိကျတဲ့...

ယူရီယားမြေဩဇာနဲ့လက်ချားရောစပ်ပက်ဖြန်းပေးရင်မတ်ပဲ ပဲတီစိမ်းအသီးအပွင့်ကောင်းစေတယ်ဆိုတာမှန်ပါသလားမှန်ရင်တိကျတဲ့သုံးစွဲနည်းသိချင်ပါတယ်

8

ဖြေကြားချက် ၈ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

သီးကင်းဝင်ချိန်အထိ အနည်းဆုံး ၂ကြိမ်လောက်ရအောင် ဖျန်းပေးနိုင်ရင် ​ကောင်းပါတယ်။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

သက်တမ်း၃လခွဲရှိတဲ့ ဆင်းပဒေသာမျိုးဆိုရင် တစ်​ကြိမ်ဖျန်းလို့ရပါသေးတယ်။ပန်းဖြိုင်ဖြိုင်ပွင့်ချိန် နဲ့ စွယ်စဆင်းချိန်မို့ ပန်းပွင့်နဲ့စွယ်ကိုမထိခိုက်အောင် သတိနဲ့ဖျန်းစေချင်တယ်။

1,058 လွန်ခဲ့သော ၆ နှစ် က

ဆရာရေမြေပဲ၁လခွဲပီဖျန်းလို့ရသေးလားခဗျ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဖြစ်နိုင်ရင် လက်ချားက်ိုလှော်ပြီးမှဖျန်းစေချင်တယ်။အပင်က်ိုလောင်တတ်လို့ပါ။

116 လွန်ခဲ့သော ၆ နှစ် က

ပရဆေးဆိုင်မှာ အသင့်သုံးလို့ရတဲ့လက်ချားရောင်းပါတယ် ၇ ရက်ခြား တခါ ဖျန်းပေး

25,067 လွန်ခဲ့သော ၆ နှစ် က

တစ်ခါဖျန်းရင်အဆင်ပေးနှိင်မလာ

2,212 လွန်ခဲ့သော ၆ နှစ် က

Thanks

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၆ နှစ် က

လက်ချားကို မြေအိုး/ဒယ်အိုး/သွပ်ပြား ပေါ်တွင်ထား၍အောက်မှမီးအပူပေးပြီးလှော်ပါ။လှော်နေစဥ်တုတ်ခြောင်းဖြင့်မွှေပေးနေပါ။ပေါက်ပေါက်ဖောက်သလိုဖြစ်လာပြီးပွလာပါလိမ့်မည်။မူလအရောင်မှာဖြူညစ်ညစ်အရောင်ဖြစ်ပြီး နာရီဝက်ခန့်မီးအပူ ပေး၍ပွလာသောအခါ ဖြူဆွတ်ဆွတ်ဖြစ်လာပါကမီးဖိုပေါ်မှချပြီးအအေးခံပါ။ပြီးသော် မှုန့်ညက်သွားအောင်ဖန်ပုလင်းဖြင့်ကြိတ်၍လှော်ပြီးသားလက်ချားမှုန့်များကို ဖန်ပုလင်းထဲတွင်သိမ်းထားခါလိုအပ်တဲ့အချိန်မှာထုတ်သုံးနိုင်ပါတယ်။ပဲမျိုးစုံ..မြေပဲ..နှမ်းသီးနှံတွေမှာ... ဆေးဖျန်းပုံးတစ်ပုံးကိုပုလဲ(ယူရီးယား/အဖြူ) ၁၆ဇွန်း ( မြင်းခေါင်းတံဆိပ် ထမင်းစား ​ဇွန်း)+လှော်ပြီးသားလက်ချား..၄ဇွန်းနှုန်းနဲ့..ပန်းစပွင့်ချိန်..ပန်းဖြိုင်ဖြိုင်ပွင့်ချိန်.. နဲ့ သီးကင်းဝင်ချိန်တွေမှာဖျန်းပေးရပါမယ်။ပန်းပွင့်နှုန်း ကောင်းပြီးအသီးတင်မှုများလာတဲ့အတွက် အထွက်နှုန်းတိုးလာပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။