ဖြေကြားချက် ၃ ခု
ကျေးဇူးတင်ပါတယ်
ကြက်သွန်မှာ တစ်ဧက ၆ပိသာခန့်ထည့်ပေးရပါတယ်။ အမိုးနီးယမ်းဆာလဖိတ်ကို အပင်သို့မဟုတ် မျိုးစေ့ ဘေးခွာပြီးအတန်းလိုက်ထည့်တာက ကြဲပက်တာထက်ပိုထိရောက်ပါတယ်။ ကန့်မှုန့်ကို ကျွေးမယ်ဆို အမှုန့်နုလေ အပင်က မြန် မြန်စားနိုင်လေဖြစ်ပါတယ်။ ကန့်မှု့န့်ကို အပင်မစိုက်မီတစ်နှစ်စောပြီး မြေကြီးထဲ ရောမွှေထည့်ထားဖို့ အကြံပြုတာတွေရှိပါတယ်။
ဆာလဖာက အပင်ရဲ့ အရွက်စိမ်းစိမ်းလေးတွေထဲမှာပါတဲ့ အစိမ်းရောင်ဆဲလ်တွေဖြစ်ပေါ်ဖို့ကို ကူညီထောက်ပံ့ပေးပါတယ်။ အပင်အတွက် အဓိက အစာချက်တဲ့ အရာတွေဖြစ်လာအောင် ဆာလဖာက ကူညီပါတယ်။ ဆီဖြစ်ပေါ်မှုကို အားပေးတဲ့အတွက်ကြောင့် ဆီထွက်သီးနှံတွေအတွက် ဆာလဖာဓာတ်က လိုအပ်ပါတယ်။ဆာလဖာက သီးနှံတွေရဲ့ အသားဓာတ်နဲ့ အဆီဓာတ်ပါဝင်မှုကိုကူညီတဲ့အတွက် အရည်အသွေးဆိုင်ရာကို ထောက်ပံ့ပေးတဲ့ အပင်အာဟာရတစ်မျိုးဖြစ်ပါတယ်။
ဆက်စပ်မေးခွန်းများ
နိုက်ထရိုဂျင်၊ဆာဖာ စသည်တို့ချို့တဲ့လျှင်ဘယ်လိုပုံစံလဲဗျ၊တချို့ပဲရွက်တွေကစိမ်းစိုပြီး၊တချို့အရွက်တွေကစိမ်းနု...
ဖြေကြားချက် 1 ခု
ဆာဖာအားဆေးကတခြားအားဆေးတွေနဲ့ရော်ဖျန်းရလားဗျ၊ဆာဖာအားဖြည့်ဆေးကိုမှိုသတ်ဆေးလို့လဲအမည်ပေးထားတယ်ဗျ။
ဖြေကြားချက် 14 ခု
စပါးပင်အတွက် ပိုတက် နဲ့ ဆာလဖာတို့ကဘယ်နေရာတွေမှာသုံးရပါသလဲ ဘယ်အချိန်တွေမှာသုံးသင့်ပါသလည်းခဗျာ
ဖြေကြားချက် 2 ခု
စပါးရက် 60 သား ဘာဖြစ်တာလဲ ဗျာ
ဖြေကြားချက် 1 ခု
သက်တမ်းစပါး /စုိက်ခင်းစပါးတေမှာ ပုလဲမြေဩဇာကို ဘယ်နှစ်ကြိမ် ဘယ်အချိန်တေမှာ ဘယ်လိုမျိုးနှုန်းထားနဲ့ ကျွေးရပါမလဲ...
ဖြေကြားချက် 0 ခု