အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,430
လွန်ခဲ့သော ၆ နှစ် က · ပန်းတောင်း

မြေပဲမှာအဲ့လိုတွေဖြစ်နေလို့ပါ မသေသေးတဲ့ဝါလင်းလင်းအပင်တွေနုတ်ကြည့်လည်းအဲ့လိုပဲဗျ အမြစ်တွေပုတ်ပီးပြတ်ကျန်ခဲ့တယ်...

မြေပဲမှာအဲ့လိုတွေဖြစ်နေလို့ပါ မသေသေးတဲ့ဝါလင်းလင်းအပင်တွေနုတ်ကြည့်လည်းအဲ့လိုပဲဗျ အမြစ်တွေပုတ်ပီးပြတ်ကျန်ခဲ့တယ် အကွက်လိုက်ကိုဖစ်နေတာ အခြေအနေဆိုးနေလို့ပါ ​ဘာရောဂါလည်းဘာဆေးသုံးပေးရမလည်းဘာတွေလိုအပ်လည်းပြောပြပေးပါဦး ရက်၂၀ သားကျော်ပါပြီ ပထမ အာမိုရိမ်းဂျားနဲ့ တင်းရှန့် အရော တကြိမ်ဖြန်းပီးပါပီ ကျေးဇူးတင်ပါတယ်.

Post image
Post image
3

ဖြေကြားချက် ၃ ခု

234 လွန်ခဲ့သော ၅ နှစ် က
234 လွန်ခဲ့သော ၅ နှစ် က

လျှော်ဖြူပင်မှာမြေတွင်းပိုးကိုက်၍အမြစ်များရိပြတ်ပါသည် မည်သည့်ဆေးသုံးရန်လမ်းညွှန်စေလိုပါသည်

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မြေအောင်းပိုးတမျိုးမျိုး​ကြောင့်စြ်နိုင်ပါတယ်။ဖိုလမင်း..ငမြောင်တောင်တွေရဲ့ပိုးလောက်ကောင်./ရုပ်ဖုံးတွေနဲ့ ခြတွေက အမြစ်တွေကိုကိုက်ဖြတ်တာကြောင့်အပင်တွေညှိုးကုန်ခြင်းဖြစ်ပါတယ်။လာမဲ့ရာသီမှာ မြေပြုပြင်မှုကိုအလေးထားဆောင်ရွက်စေလိုပါတယ်။ပထမအကြိမ်ထယ်ထိုးပြီးပါက ၃ရက်နေလှမ်းထားပေးပြီးနောက်ဒုတိယအကြိမ် ၁၆သွား ၂စပ်မောင်းပြီးကြမ်းတုန်းရိုက်ပါ။၂ရက်ခန့်အကြာမှာ နောက်တစ်ကြိမ်ထပ်မောင်းပြီးကြမ်းတုန်းရိုက်ပါ။ဒီလိုလုပ်ခြင်းဖြင့် ပိုးလောက်ကောင်တွေ/ရုပ်ဖုံးတွေဟာ ​မြေပေါ်ရောက်လာပြီး နေရောင်နဲ့ထိခြင်း..ငှက်များစားသောက်ခြင်း..ထွန်သွားနဲ့ထိမိခြင်းတို့ကြောင့်သေနိုင်ပါတယ်။မြေအောင်းပိုးသတ်ဆေး(ပင်လုံးပြန့်ထိသေဆေးအဆိပ်ငွေ့ဆေး)တစ်မျိုးမျိုးကိုမြေပြင်ချိန်မှာထည့်ပေးပါ။ဒီပိုးတွေဟာရာသီတလျှောက်လုံးဖျက်ဆီးတတ်ပါတယ်။အပင်ခြေကိုတူးကြည့်ပါ။ပိုးလောက်ကောင်/ပိုးတီ/ရုပ်ဖုံးတွေ တွေ့နိုင်ပါတယ်။တွေ့တယ်ဆိုရင် မြေကြီးအောက်မှာနေတာကြောင့် ဆေးဖျန်း၍မရပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။