အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Phoe  Zaw
Phoe Zaw 815
လွန်ခဲ့သော ၇ နှစ် က · ရမည်းသင်း

ဇီးပင်တွင်ပုံပါအတိုင်းဖြစ်နေပါသည် ။၎င်း ကိုရောဂါဟုခေါ်ပါသလား? ဘယ်လိုကာကွယ်ရမလဲ?အပင် အသီးတို့ကိုထိခိုက်နိုင်ပါသလား?ကျေးဇူးပြု၍ဖြေကြားပေးစေလိုပါတယ်... ...

မြေဆီလွှာ လိမ္မော်
Post image
4

ဖြေကြားချက် ၄ ခု

Phoe  Zaw
Phoe Zaw 815 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါ

ayethandasoe
ayethandasoe 31,851 လွန်ခဲ့သော ၇ နှစ် က

black knot disease ပါ မှိုရောဂါ ဖြစ်ပါတယ် မိုးများတဲ့အခါ စိုထိုင်းဆများတဲ့အခါ ဇီးပင်တွေမှာ ဖြစ်ပါတယ် မှိုစပိုးက လေအားဖြင့် ပျံ့နှံပြီး အပင်တစ်ပင်နှင့် တစ်ပင်ကို ထိခိုက်နိုင်ပါတယ် အသီးအထွက်နဲ့အပင်ကို ထိခိုက်နိုင်ပါတယ် အပင်ရဲ့ မှို ရောဂါကျနေတဲ့ အပိုင်းကို ရောဂါကျနေရာနဲ့ ၂ လက်မအကွာက ဖြတ်ပေးပါ။ ရောဂါကျ အပိုင်းအားလုံး ဖယ်ရှားပြီး ဖယ်ရှားထားတဲ့အစိတ်အပိုင်းတွေကို မီးရှို့ ဖျက်ဆီးပါ။ အပင် လေဝင်လေထွက်ကောင်းစေရန် အပင်အတွင်းကို ဝင်နေတဲ့ ကိုင်းတွေ ဖြတ်ပေးပါ။ ပြီးရင် မှိုသတ်ဆေးဖြန်းပါ။ ထိသေမှိုသတ်ဆေးကို အညွှန်းပါအတိုင်းဖြန်းပါ။ သတိပြုရန်မှာ ဆေးဖြန်းချိန် လေငြိမ်သောအချိန် ဖြစ်ရပါမယ်။ ဒီရောဂါကျတဲ့အခင်းမှာ နောက်နှစ် ဒီအချိန်မှာ ထပ်ပြီးရောဂါကျပါတယ်။ ဒါကြောင့် ရောဂါကျတဲ့ လ ရက်မှတ်ထားပြီး နောက်နှစ်မှာ မကျစေဖို့ စနစ်တကျ ကိုင်းဖြတ်ခြင်းကို မိုးမဝင်ခင်ပြုလုပ်ပြီး အပင်တွေကို ဘော်ဒိုဆေးရည်သုတ်လိမ်းကာကွယ်သင့်ပါတယ်။

Phoe  Zaw
Phoe Zaw 815 လွန်ခဲ့သော ၇ နှစ် က

အစေးကလေးတွေကနေစဖြစ်တာပါ

U Kyaw
U Kyaw 10,058 လွန်ခဲ့သော ၇ နှစ် က

မမြင်ဖူးဘူး။ ဘယ်လိုပေါ်လာတာလဲ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။