ဖြေကြားချက် ၂ ခု
လိမ္မော်အကြောင်းသိကောင်းစရာနှင့် စိုက်ပျိုးနည်းစနစ် အပြည့်အစုံကို ဒီမှာလည်း ဖတ်နိုင်ပါတယ်နော်။
လိမ္မော်ကို နုန်းမြေ၊ သဲနုန်းမြေမှ နုန်းမြေ၊ သဲနီမြေ နှင့် အနက်ရောင်ရွှံ့စေး စသော မြေဆီလွှာ အမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ သို့ရာတွင် မြေဆီလွှာ ဓာတ်ပြုမှု၊ မြေဆီလွှာ စိုက်ပျိုး ဖြစ်ထွန်းနိုင်မှု၊ စီးဆင်းမှု၊ ဖောက်ထုံးနှင့် ဆားပါဝင်မှု စသည်ကဲ့သို့ မြေဆီလွှာ ဂုဏ်သတ္တိများသည် လိမ္မော်စိုက်ပျိုးမည့် မြေအတွက် အရေးပါသော အကြောင်းအချက်များ ဖြစ်ကြသည်။ နက်ရှိုင်းပြီး ကောင်းစွာ စီးဆင်းသော မြေမွ နုန်းဆန်သည့်မြေများသည် လိမ္မော် စိုက်ပျိုးရေး အတွက် အကောင်းဆုံးဖြစ်ကြသည်။ လိမ္မော် စိုက်ပျိုးရေး အတွက် အကောင်းဆုံးမြေဆီလွှာ မြေချဉ်ငန်ဓါတ် (pH) တန်ဖိုးမှာ ၆.၀ မှ ၇.၅ ကြားဖြစ်သည်။ အကယ်၍ သီးနှံကို အကြီးစား သို့မဟုတ် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်မည်ဟု ရည်ရွယ်ပါက မြေဆီလွှာ၏ သင့်တော်မှုနှင့် စိုက်ပျိုးဖြစ်ထွန်းနိုင်မှုတို့ကို သိရှိနိုင်ရန် မြေဆီလွှာ စမ်းသပ်ချက် လုပ်ဆောင်သင့်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
လိမ္မော် အရွက်တွေ ဝါပီ အကြော်တွေပေါ်နေတယ် အဲ့ဒါ ဘာဆေးတွေ ဖျန်းပေးရမလဲ
ဖြေကြားချက် 2 ခု
လိမော် ရွက်ဖျန်းအားဆေး အတွက် ထန်းလျှက်ကို ချက်ပီးဖျန်းလို့ရပါသလား
ဖြေကြားချက် 2 ခု
အမြစ်နှင့်ပင်စည်တဝိုက်တွင်အဖြူရောင်ပုံစံသွယ်ကပ်နေပြီးအရွက်များဝါလာဒါဘာကြောင့်လည်းသိချင်ပါတယ်
ဖြေကြားချက် 5 ခု
အသီးများအချိန်မတန်မှီကွဲပြီးပျက်စီးသွားပါသည် မည်သည့်ဆေးသုံး၇မည်နည်းဖြေကြားပေးပါ
ဖြေကြားချက် 2 ခု
ဇီးပင်တွင်ပုံပါအတိုင်းဖြစ်နေပါသည် ။၎င်း ကိုရောဂါဟုခေါ်ပါသလား? ဘယ်လိုကာကွယ်ရမလဲ?အပင် အသီးတို့ကိုထိခိုက်နိုင်ပါသ...
ဖြေကြားချက် 4 ခု