အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Chit Ye Linn Naing
လွန်ခဲ့သော ၂၃ နာရီ က · အင်္ဂပူ

ဒါဘာဖြစ်တာပါလဲခင်ဗျာ

စိုက်ပျိုး ဗဟုသုတ ငရုတ်သီး
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 463,269 လွန်ခဲ့သော ၂၂ နာရီ က

@U Chit Ye Linn Naing ပုံထဲက ငရုတ်ပင်မှာ မှိုကြောင့်ဖြစ်တဲ့ ဆာကိုစပိုးရားရွက်ပြောက်ရောဂါ (Cercospora Leaf Spot) နဲ့ ဘက်တီးရီးယားရွက်ပြောက်ရောဂါ (Bacterial Leaf Spot) နှစ်မျိုးလုံး ပူးတွဲကျရောက်နေတာ ဖြစ်ပါတယ်။ အလယ်သား မီးခိုးရောင်နဲ့ အညိုရောင်အနားသတ်ရှိတဲ့ အကွက်တွေက ဆာကိုစပိုးရားရွက်ပြောက်မှိုရောဂါဖြစ်ပြီး၊ ဘေးမှာ အဝါရောင်အကွင်းလေး ဝိုင်းနေတဲ့ အညိုရင့်ရောင် အစက်တွေကတော့ ဘက်တီးရီးယားရောဂါကြောင့် ဖြစ်ပါတယ်။ ဒီရောဂါနှစ်မျိုးကို ထိန်းချုပ်ဖို့အတွက် အောက်ခြေက ရောဂါကျရွက်ဝါတွေကို အရင်ခူးဖယ်ရှင်းပြီး မီးရှို့ဖျက်ဆီးပစ်ရပါမယ်။ ဆေးဖျန်းရာမှာတော့ ဘက်တီးရီးယားရော မှိုပါနိုင်တဲ့ ကြေးနီပါဝင်သောဆေး (ဥပမာ - Copper Hydroxide သို့မဟုတ် Copper Oxychloride) နဲ့ဆာကိုစပိုးရားရွက်ပြောက်မှိုနိုင်ဆေး (ဥပမာ - Propiconazole သို့မဟုတ် Azoxystrobin, Difenoconazole, Mancozeb) တို့ကို တစ်လှည့်စီ ၇ ရက်ခြား တစ်ကြိမ် အရွက်အောက်မျက်နှာပြင်ပါ နှံ့စပ်အောင် ဖျန်းပေးပါ။ ဒါ့အပြင် အရွက်ပေါ် ရေစင်အောင် ရေဖျန်းခြင်းနဲ့ ပုလဲမြေဩဇာ များများကျွေးခြင်းကို ခဏရပ်ထားပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ဘာဆေးပတ်ရင်မြန်မြန်ပျောက်နိုင်မလဲဗျ

ဖြေကြားချက် 1 ခု

ငရုတ်ပင် အမြစ်စွဲ အကိုင်းအခက်လုပ်ပီးမှ တခင်းလုံးမဟုတ်ပဲကွက်ကြားကွက်ကြား အပင်စိမ်းညိုးပီးသေနေလို့ပါ

ဖြေကြားချက် 4 ခု

ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရ...

ဖြေကြားချက် 2 ခု

ငရုတ်က အပင်က ရေ သုံးပတ် ခေါင်းပိးတာတောင် စ စိုက်ထဲ ကလို ပိန် လဂျစ် ဖစ်နေလို့ အပင် လုပ်တဲ့ သိးသန့်အားဆေး အမည်...

ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ မီးဖိုချောင်မှထွက်သောပြာကို ငြုပ်/ပြောင်းပင် တို့မှာ မြေသြစာအဖြစ် အသုံးပြု၍ရပါသလားဗျ ကောင်းကျိုး...

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။