ဘာဆေးပတ်ရင်မြန်မြန်ပျောက်နိုင်မလဲဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၉၀ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
@Sein Wai Hlyal Tun ငရုတ်ရွက်လိပ်ဗိုင်းရပ်စ် (Chilli leaf curl virus)ရောဂါကျတာပါ။ဒီရောဂါ သည် ဗိုင်းရပ်စ်ရောဂါဖြစ်သောကြောင့် တိုက်ရိုက်ပျောက်ကင်းအောင် ကုသနိုင်သည့်ဆေး မရှိပါ။ သို့သော် ရောဂါသယ်ဆောင်ပြီး အရွက်ကို လိပ်ကုပ်စေသည့် လှေးပိုး (Thrips)၊ မွှားပင့်ကူနီ (Broad mite) နှင့် ယင်ဖြူ (Whitefly) တို့ကို ထိရောက်စွာ နှိမ်နင်းနိုင်ပါက ရောဂါဆက်လက်ပြန့်ပွားမှု ရပ်တန့်သွားမည် ဖြစ်ပါတယ်။ တွန့်လိပ်သွားပြီးသား အရွက်ဟောင်းများသည် ပြန်လည်ပြန့်ကားလာမည် မဟုတ်သော်လည်း ပိုးသေသွားပါက ထွက်လာမည့် အညွန့်သစ်များမှာ ပုံမှန်အတိုင်း ဖြောင့်တန်းကျန်းမာလာပါလိမ့်မယ်။စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့နှိမ်နင်းရန်အတွက် ရောဂါပြင်းထန်နေသည့် အပင်များကို ဦးစွာနုတ်ပယ်ဖျက်ဆီးပြီး အဘာမက်တင် (Abamectin)၊ စပိုင်ရိုမက်စီဖန် (Spiromesifen) သို့မဟုတ် စပိုင်နီတိုရမ် (Spinetoram)၊ အီမီဒါကလိုပရစ် (Imidacloprid)ပါဝင်သော ဆေးများကို စွဲကပ်ပျံ့နှံ့ဆေး ကော်ရည်ရောစပ်၍ အရွက်အောက်မျက်နှာပြင်အထိ ရွှဲစိုအောင် အလှည့်ကျ ပက်ဖျန်း သုံးစွဲလေ့ရှိတယ် ။ ပိုးမွှားများ ထိန်းချုပ်နိုင်ပြီးမှသာ အပင်အားဆေးနှင့် ပိုတက်စီယမ်မြေဩဇာကို ကျွေးပေးသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ငရုတ်ပင် အမြစ်စွဲ အကိုင်းအခက်လုပ်ပီးမှ တခင်းလုံးမဟုတ်ပဲကွက်ကြားကွက်ကြား အပင်စိမ်းညိုးပီးသေနေလို့ပါ
ဖြေကြားချက် 3 ခု
ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရ...
ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျာ မီးဖိုချောင်မှထွက်သောပြာကို ငြုပ်/ပြောင်းပင် တို့မှာ မြေသြစာအဖြစ် အသုံးပြု၍ရပါသလားဗျ ကောင်းကျိုး...
ဖြေကြားချက် 2 ခု
ငရုတ်ဒီလို့ ဖစ်နေလို့ ဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 1 ခု
ငရုတ်အရွက်တွေပုံထဲကလိုဖြစ်နေလို့ဘာပိုးကျ ဘာဆေးဖျန်းရမလဲဆရာတို့
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။