ဖြေကြားချက် ၂ ခု
စပါးမှာ၊အထွက်တိုးရေး(၁၀)ချက်ရှိတယ်ဗျ။ အဲဒီ ၁၀-ချက်နဲ့ သွေဖီနေလို့ အထွက်နုန်းနည်းရတာပါ။ ၁။အထွက်ကောင်း၊မျိုးသန့်သုံးပါ။ ၂။တမန်းညက်ညက် ညီညီပြုပြင်ပါ ၃။ကောက်ကွက် စိပ်စိပ်စိုက်ပါ ၄။ပျိုးသက်မှန်ပါစေ ၅။ဓာတ်မြေဩဇာ အချိုးကျသုံးစွဲပါ။ ၆။သဘာဝမြေဆွေး များများထည့်ပါ။ ၇။အချိန်မီ ပေါင်းနှိမ်နင်းပါ။ ၈။ရေသွင်း၊ရေထုတ် စနစ်တကျလုပ်ပါ။ ၉။ပိုးမွှား၊ရောဂါ ကြိုတင်ကာကွယ်ပါ။ ၁၀။အလေအလွင့်မရှိအောင် ရိတ်သိမ်းပါ။
@Kyaw swar Oo စပါးအထွက်နှုန်းနည်းရခြင်းသည် မျိုးစေ့မသန့်စင်ခြင်း၊ မြေဆီလွှာအာဟာရဓာတ် လုံလောက်စွာမရှိခြင်း၊ စပါးပင်အပွားstage နှင့် အောင်ဆန်တည်ချိန်များတွင် ရေပြတ်လပ်ခြင်း သို့မဟုတ် ရေနစ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ထို့ပြင် ပေါင်းမြက်များ၊ ဆစ်ပိုး၊ ဖြုတ်ပိုးနှင့် ရွက်ခြောက်ရောဂါကဲ့သို့သော ပိုးမွှားရောဂါများကို အချိန်မီမနှိမ်နင်းနိုင်ခြင်းနှင့် ပန်းပွင့်ချိန်တွင် ရာသီဥတုဖောက်ပြန်ခြင်းတို့ကလည်း အဖျင်းများစေပြီး အထွက်နှုန်းကို သိသိသာသာ ကျဆင်းစေပါတယ်။ ယင်းကို ဖြေရှင်းရန်အတွက် ဒေသကိုက်ညီသော မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးပြီး၊ ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် မြေဩဇာများကို မျှတစွာကျွေးခြင်း၊ စနစ်တကျ ရေသွင်းရေနုတ်ပြုလုပ်ခြင်းနှင့် စိုက်ခင်းကို ပုံမှန်ကွင်းဆင်း၍ ပိုးမွှားရောဂါကို ကာကွယ်နှိမ်နင်းခြင်းတို့ ပြုလုပ်ရပါမယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဆရာတို့ရေ ကူညီကြပါအုံးဗျ စပါးတေက အဆစ်ပိုးတေများလို့ပါဗျ ဘယ်လိုသုံးသင့်သလဲဆိုတာ ပြောပေးကြပါအုံးဗျ
ဖြေကြားချက် 2 ခု
စပါးပင်များကိုရက်များစွာစုထားသောနွားသေးဖြန်းရင်းအာနိသင်ရှိမရှိဖြေပေးပါဆရာ။ဘယ်ဟာကအကောင်းဆုံးလဲဆရာ။
ဖြေကြားချက် 2 ခု
စပါးကြီးထွားမှုအဆင့်ကို Vegetative Phase Reproductive Phase Ripening Phase ဆိုပြီး ၃မျိုးရှိတယ်လို့ သိထားပါတယ်...
ဖြေကြားချက် 4 ခု
ကျနော်တို့ဒေသမှာ ခေါ်နေကြတဲ့ ကောက်ငန်းလှန်းတဲ့အချိန် မှို့ကပ်တဲ့အချိန် ဖုံးတုံးလုံးတုံးအချိန် မောင်းညိုချိန်...
ဖြေကြားချက် 0 ခု
ဧရာပဒေသာ၁၁၀ရက်သားပုံပါအတိုင်းစပါးစေ့ကွဲပြီးဝတ်ဆံထွက်တာအဟာရကြောင့်လားပိုးမွှားကြောင့်လားခဗျာ
ဖြေကြားချက် 2 ခု