အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
bo bo
bo bo 6
လွန်ခဲ့သော ၁၆ နာရီ က · ကန့်ဘလူ

ဆရာတို့ရေ ကူညီကြပါအုံးဗျ စပါးတေက အဆစ်ပိုးတေများလို့ပါဗျ ဘယ်လိုသုံးသင့်သလဲဆိုတာ ပြောပေးကြပါအုံးဗျ

ပိုးမွှားရောဂါ စပါး

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 425,842 လွန်ခဲ့သော ၇ နာရီ က

@bo bo စပါးဆစ်ပိုး (Rice Stem Borer) ကျရောက်ပါက ကောက်ပင်များ အလယ်ရွက်ညှိုးခြင်းနှင့် အနှံဖြူခြင်း (အဖျင်းများခြင်း) ဖြစ်ပေါ်စေသဖြင့် ဓါတုဆေးနှင့် စိုက်ပျိုးရေးနည်းလမ်းများကို ပေါင်းစပ်နှိမ်နင်းရပါမယ်။စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ဓါတုဆေးအနေဖြင့် ပင်လုံးပျံ့အာနိသင်ရှိသော ဖစ်ပရိုနေး (Fipronil)၊ကလိုရမ်ထရန်နီလီပရိုး (Chlorantraniliprole)၊ကာတပ် (Cartap Hydrocloride ဆေးများကို ဆေးဘူးပါညွှန်ကြားချက်အတိုင်း စနစ်တကျ ဖျန်းပက် သုံးစွဲလေ့ရှိတယ်။ တစ်ပြိုင်နက်တည်းတွင် ပိုးဖလံများကို ဖမ်းဆီးရန် မီးရောင်ထောင်ချောက် သို့မဟုတ် ဖယ်ရိုမုန်းထောင်ချောက်များ သုံးစွဲခြင်း၊ နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ပြီး ပိုတက်ရှ်မြေဩဇာ မျှတစွာထည့်ခြင်းနှင့် ရိတ်သိမ်းပြီးနောက် ဆစ်ပိုးခိုအောင်းရာ စပါးငုတ်တိုများကို မီးရှို့ခြင်း သို့မဟုတ် ထွန်းလှန်ဖျက်ဆီးခြင်းတို့ကို မပျက်မကွက် လုပ်ဆောင်ပေးလေ့ရှိတယ်။

Soe Moe
Soe Moe 915 လွန်ခဲ့သော ၁၅ နာရီ က

ဆစ်ပိုးအတွက်ဆို Profenofos+Lambda cyhalothrin ‌ဖျန်းပေးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။