ဖြေကြားချက် ၂ ခု
@Sawsamson မြေငံနေတာကို ထုံးထည့်ရင် ပိုဆိုးသွားစေပြီး ဂျစ်ပဆမ်ကြောင့် မြေပိုမချဉ်သွားပါဘူး။ မြေငံ (pH မြင့်) နေစဉ် ထုံးထပ်ထည့်ပါက မြေဆီလွှာ pH ပိုမိုမြင့်တက်သွားပြီး မတ်ပဲပင်အတွက် မရှိမဖြစ်လိုအပ်သော ဖော့စဖရပ်နှင့် အနည်းလိုအဟာရဓာတ်များကို စုပ်ယူရခက်ခဲစေကာ အပင်ဝါ၍ အထွက်နှုန်းကျဆင်းစေပါတယ်။ တစ်ဖက်တွင်လည်း ဂျစ်ပဆမ်သည် မြေဆီလွှာ pH ကို သိသိသာသာ ပြောင်းလဲစေခြင်း မရှိသောကြောင့် မြေကို ပိုမချဉ်စေပါဘူး။ သို့သော် အလွန်အမင်းထည့်ပါက အာဟာရဓာတ်မမျှတမှု ဖြစ်နိုင်ပါတယ်။ နှစ်တိုင်းကျရောက်နေသော မြေဆောင်မှိုရောဂါသည် မြေကြီးကျပ်ခြင်း၊ ရေဝပ်ခြင်းနှင့် pH မမျှတခြင်းတို့ကြောင့် ဖြစ်တတ်သဖြင့် မြေပြင်ချိန်တွင် ထရိုင်ကိုဒါးမားအကျိုးပြုမှို ထည့်သွင်းခြင်းနှင့် မျိုးစေ့ကို မှိုသတ်ဆေးလူးနယ်စိုက်ပျိုးခြင်းတို့ဖြင့် ကာကွယ်ရပါမယ်။မြေချဉ်မြေငံတိုင်း စက်ရှိသည့် စိုက်ပျိုးရေးဆိုင်များထံ တိုင်းတာပေးဖို့ မေးမြန်းကြည့်ပါလားခင်ဗျာ။
ဆက်စပ်မေးခွန်းများ
မတ်ပဲခင်းထဲ တချို့အပင်တွေ ညှိုးသေနေလို့ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲ ခဗျ
ဖြေကြားချက် 2 ခု
မတ်ပဲမြစ်ခြောက်ဆွေးနှစ်တိုင်းကျနေလို့ ပန်းပွင့်ချိန်ရောက်မှ အပင်ခြောက်ပြီးသေ သွားပါတယ် ပုံထဲကဆေးအတိုင်းဖျန်း...
ဖြေကြားချက် 1 ခု
ဒီဆေးတွေကရောဖျန်းလို့ရနိုင်မလားဗျ။
ဖြေကြားချက် 1 ခု
humic acid(potassium humic) နဲ့ ငါးအမိုင်နို ဖျန်းတာ တစ်ရက်ရှိပါပြီ ပုံပါအတိုင်း ပိုးပေါက်အရွက်နဲ့ ပိုးတစ်...
ဖြေကြားချက် 2 ခု
အပေါ်မြေဆီလွှာလက်မဝက်ကအရပ်ခေါ်ဖွတ်ချီးမြေ အောက်အလွှာကမြေစေးပါမတ်ပဲစိုက်တာသိပ်အဆင်မပြေဘူးပန်းပွင့်ခါနီးအပင်က...
ဖြေကြားချက် 3 ခု