အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Phyo Aung
Phyo Aung 28
လွန်ခဲ့သော ၃ ရက် က · အင်္ဂပူ

မတ်ပဲခင်းထဲ တချို့အပင်တွေ ညှိုးသေနေလို့ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲ ခဗျ

ပိုးမွှားရောဂါ မတ်ပဲ
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 416,817 လွန်ခဲ့သော ၃ ရက် က

@Phyo Aung ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 416,817 လွန်ခဲ့သော ၃ ရက် က

@Phyo Aung မတ်ပဲစိုက်ခင်းတွင် ပင်ခြေပုပ်ရောဂါ (Collar Rot)ကျတာပါ၊ ဒီရောဂါ ကြောင့် အပင်များညှိုးသေခြင်းကို သက်သာစေရန် ရောဂါရနေသောအပင်များကို ချက်ချင်းနှုတ်ယူ၍ စိုက်ခင်းပြင်ပတွင် မီးရှို့ဖျက်ဆီးရပါမယ်။ ထို့နောက် ရောဂါမပြန့်ပွားစေရန်နှင့် ကျန်အပင်များကို ကာကွယ်ရန် Fosetyl-aluminium (သို့မဟုတ်) Hymexazol ကဲ့သို့သော မှိုသတ်ဆေးရည်ကို အပင်ခြေရင်း မြေကြီးများသို့ ရွှဲရွှဲဖျန်းပေးရပါမယ်။ရောဂါမပြန့်ပွားစေရန် Azoxystrobin (အဇိုဆီစထရိုဘင်) သို့မဟုတ် Difenoconazole (ဒီုင်ဖန်နိုကိုနာဇိုးလ်) ပါဝင်သော ပင်လုံးပျံ့မှိုသတ်ဆေးတစ်မျိုးမျိုးကိုလည်း အပင်အပေါ်ပိုင်းသို့ ပက်ဖျန်းပေးနိုင်ပါတယ်။ စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေထုတ်မြောင်းများ ပြုလုပ်ပေးပြီး လေဝင်လေထွက်ကောင်းအောင် ပေါင်းမြက်ရှင်းလင်းပေးပါ။ နောက်ရာသီတွင် ရောဂါကင်းဝေးစေရန် စိုက်ပျိုးခြင်းမပြုမီ မျိုးစေ့လူးနယ်ဆေးဖြင့် မဖြစ်မနေ လူးနယ်စိုက်ပျိုးသင့်ပါတယ်။ဤမှိုသည် မြေကြီးထဲတွင် နှစ်ရှည်လများ ခိုအောင်းနိုင်သဖြင့် မတ်ပဲပြီးလျှင် ပဲမျိုးရင်းမတူသော အခြားသီးနှံများနှင့် သီးလှည့်စိုက်ပျိုးခြင်း ပြုလုပ်ပေးသင့်ပါတယ်။မြေခံမှာ ထရိုင်ကိုဒါးမားအကျိုးပြုမှိုထည့်သွင်းခြင်းများလုပ်ဆောင်ပေးရပါမယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။