အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရှိုင်းထက်အောင်
လွန်ခဲ့သော ၂၁ နာရီ က · ရပ်စောက်

မာလာဝတီမျိူးပါ 10လပိုင်း12ရက်နေ့က ပုံပါ ဝင်းနားမိူသတ်ဆေးနှင့် မင်ဂိုဇက်5ဇွန်း ထည့်ဖျန်းထားပါတယ် ခုရက်ပိုင်း မိုးရွာတာ ဆက်နေလို့ပါ ခုတပတ် ပက်တီးရီးယားမိူသတ်ဆေးထဲကတမျိူးမျိူး ကာကွယ်အနေနှင့်ဖျန်းချင့်လို့ပါ ဝင်းနားမိူသတ်ဆေးဖျန်းပြီ အရွက်သားထူပြီး အကိုင်းအခက်တွေတော့ တောင့်တင်းခိုင်မှာနေပါတယ် 10ccဘဲထည့်ဖျန်းထားပါ ဝင်းနားမိူသတ်ဆေးက အသီကိုကျစ်သွားစေလားဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၅၄ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးထစ်ချုန်း
စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်
Post image
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 383,696 လွန်ခဲ့သော ၂၀ နာရီ က

ဝင်းနား(Propiconazole + Difenoconazole) ဆေးအရောကို ညွှန်းထားတဲ့အတိုင်း ဖျန်းရင် အရွက်ထူပြီး အသီးကျစ်တာ ဖြစ်တတ်ပါတယ်။ ဒါက Triazole အုပ်စုရဲ့ အပင်ကြီးထွားမှု ထိန်းညှိသတ္တိကြောင့် ဖြစ်ပေမဲ့ မိုးရွာနေချိန် အလွန်အကျွံသုံးရင် အပင်တန့်နိုင်လို့ နှုန်းထားသတိပြုရပါမယ်။ မိုးဆက်တိုက်ရွာချိန်မှာ ဖြစ်တတ်တဲ့ ဘက်တီးရီးယားရောဂါတွေအတွက် ဆိုCopper oxychloride, Copper Hydroxide၊ Kasugamycin သို့မဟုတ် Bismerthiazole, Oxolinic acid ဆေးတွေကို တမျိုးမျိုးရွေးချယ်ပြီး တစ်လှည့်စီ ကာကွယ်ဖျန်းပေးနိုင်ပါတယ်။ ဒဏ်ရာကနေ ရောဂါမဝင်အောင် နေပွင့်ချိန်မှ အောက်ရွက် ဟောင်းများဖယ်ရှားပေးပြီး စိုက်ခင်းရေဝပ်မှုမရှိ စေရန်ကို အထူးဂရုစိုက်ပါခင်ဗျာ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

အခုချိန်ဆောင်းခရမ်းချဥ်သီးစိုက်ရင် မှီသေးလားဗျ ကျွန်တော်တို့နယ်ဘက်တွေက ဖြစ်လောက်လားရော ပျိုးပင်တွေကို ဝယ်စိုက်...

ဖြေကြားချက် 2 ခု

ခရမ်းချဉ်စသီးနေပီး15ပတ်လည် 10Sကို ရေလီတာ200ပုန်းဆိုဘယ်လောက်ချိုးထည့်ရမလည်း

ဖြေကြားချက် 1 ခု

ခရမ်းချဥ်ပင်တွေ ညိုးကျလာလို့ပါရှင် ပင်စည်ဖြတ်ကြည့်တော့လည်း အကောင်းပါပဲ အမြစ်လည်းအဆင်ပြေတယ် ဘာဖြစ်လို့လဲရှင်...

ဖြေကြားချက် 10 ခု

ဆရာခင်ဗျရောဂါရအရွက်တွေအခုလိုရှင်းထားပါတယ်ခင်ဗျဇော်ဗက် 40စီစီ ဖြန်းပြီးစိုးရိမ်စိတ်နဲ့3ရက်လောက်ခြားပြီးမန်ကို...

ဖြေကြားချက် 3 ခု

ဆရာခင်ဗျ ဆိုင်မိုဇနေးနဲ့မီသိုမော့ကိုမန်ကိုဇက်နဲ့ရောပြီးတလည့်စီဖြန်းပါတယ်ခင်ဗျဘယ်ဆေးအထိရောက်ဆုံးဖြစ်မလည်းဆရာ

ဖြေကြားချက် 7 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။