အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
U Yan
U Yan 10,673
လွန်ခဲ့သော ၂၁ နာရီ က · ချောက်

အခုချိန်ဆောင်းခရမ်းချဥ်သီးစိုက်ရင် မှီသေးလားဗျ ကျွန်တော်တို့နယ်ဘက်တွေက ဖြစ်လောက်လားရော ပျိုးပင်တွေကို ဝယ်စိုက်ရင် ချက်ချင်း မြေချ စိုက်ရုံပဲဆရာ

စိုက်ပျိုးနည်း ခရမ်းချဉ်

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 383,696 လွန်ခဲ့သော ၂၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

ယခု အောက်တိုဘာလလယ်သည် ဆောင်းခရမ်းချဉ်စိုက်ပျိုးရန် အကောင်းဆုံးနှင့် အကိုက်ညီဆုံးအချိန်ဖြစ်သဖြင့် စိုက်ပျိုးရန် အချိန်မှီပါသေးတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသအနှံ့အပြားရှိ ရေသွင်းရေနှုတ်ကောင်းသော နှုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းနိုင်ပါတယ်။ ဝယ်ယူလာသော ပျိုးပင်များကို စိုက်ခင်းထဲ ချက်ချင်းမြေချစိုက်ပျိုးနိုင်သော်လည်း အပင်နာပြီး သေဆုံးမှုမရှိစေရန်အတွက် အသက် ၂၅-၃၀ ရက်ရှိ အပင်သန်မာသောပျိုးပင်ကို ရွေးချယ်ရပါမယ်။ ထို့ပြင် အပင်ကို ချက်ချင်းနေပူထဲမစိုက်ဘဲ ညနေခင်းနေအေးချိန်တွင် ရွှေ့ပြောင်းစိုက်ပျိုးကာ ချက်ချင်းရေဝအောင် လောင်းပေးရပါမယ်။

U Yan
U Yan 10,673 လွန်ခဲ့သော ၂၀ နာရီ က

ဟုတ်ဗျ ကျေးဇူးပါဆရာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ခရမ်းချဉ်စသီးနေပီး15ပတ်လည် 10Sကို ရေလီတာ200ပုန်းဆိုဘယ်လောက်ချိုးထည့်ရမလည်း

ဖြေကြားချက် 1 ခု

ခရမ်းချဥ်ပင်တွေ ညိုးကျလာလို့ပါရှင် ပင်စည်ဖြတ်ကြည့်တော့လည်း အကောင်းပါပဲ အမြစ်လည်းအဆင်ပြေတယ် ဘာဖြစ်လို့လဲရှင်...

ဖြေကြားချက် 10 ခု

ဆရာခင်ဗျ ဆိုင်မိုဇနေးနဲ့မီသိုမော့ကိုမန်ကိုဇက်နဲ့ရောပြီးတလည့်စီဖြန်းပါတယ်ခင်ဗျဘယ်ဆေးအထိရောက်ဆုံးဖြစ်မလည်းဆရာ

ဖြေကြားချက် 7 ခု

မာလာဝတီမျိူးပါ 10လပိုင်း12ရက်နေ့က ပုံပါ ဝင်းနားမိူသတ်ဆေးနှင့် မင်ဂိုဇက်5ဇွန်း ထည့်ဖျန်းထားပါတယ် ခုရက်ပိုင်း...

ဖြေကြားချက် 1 ခု

ဆရာခင်ဗျရောဂါရအရွက်တွေအခုလိုရှင်းထားပါတယ်ခင်ဗျဇော်ဗက် 40စီစီ ဖြန်းပြီးစိုးရိမ်စိတ်နဲ့3ရက်လောက်ခြားပြီးမန်ကို...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။