၃လမြေပဲ ယခုနှစ် မြေပဲခင်းတော်တော်များတွေ့ရပါတယ် အပင်ဝါထွတ်နေပါတယ် စွယ်လဲမချပါဘူး ဒါဘယ်လိုကြောင့်ဖြစ်တာလဲ နောက်လာမယ့်နှစ်တွေစိုက်ပျိုးတဲ့အခါမှာ မဖြစ်အောင်ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် အကြုံပြုပါအုံးခင်ဗျာ။ ဓာတ်ပုံထဲအပင်တွေ မြေပဲဖော်ချိန်နီးနေပါပြီ
မြေပဲ ခင်းများတွင် စောရွက်ပြောက်ရောဂါ (Early Leaf Spot) နှင့် နှောင်းရွက်ပြောက်ရောဂါ (Late Leaf Spot) ကျရောက်ခြင်းဖြစ်ပါတယ်။ဒီ ရောဂါသည် တောင်သူဦးကြီးများ အလွန်သတိထားရမည့် မှိုရောဂါတစ်မျိုး ဖြစ်ပါတယ်။မြေပဲခင်းများတွင် Mycosphaerella မှိုကြောင့် ဖြစ်ပွားသော ရွက်ပြောက်ရောဂါသည် အထွက်နှုန်းကို အဓိက လျော့ကျစေသော ရောဂါဖြစ်ပါတယ်။ ဒီ ရောဂါကျရောက်ခြင်းကြောင့် စွယ်လဲမချနိုင်တာအမှန်ပါ။လက်ရှိစိုက်ခင်း၌ ရောဂါလက္ခဏာ စတင်တွေ့ရှိသည်နှင့် တစ်ပြိုင်နက် Epoxiconazole, Pyraclostrobin,Tebuconazole, Azoxystrobin+Difenoconazole ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို (၁၀) ရက်မှ (၁၄) ရက်ခြား၍ စနစ်တကျ ပက်ဖျန်းပေးရပါမယ်။ ထို့အပြင် ရောဂါပြင်းထန်သော အပင်များနှင့် အောက်ခြေအရွက်များကို ဆွဲနှုတ်၍ စိုက်ခင်းပြင်ပတွင် မီးရှို့ဖျက်ဆီးပစ်ရပါမယ်။ နောင်နှစ်များတွင် ရောဂါထပ်မံ မဖြစ်ပွားစေရန်အတွက် မြေပဲရိတ်သိမ်းပြီးနောက် ပင်ကြွင်းပင်ကျန်များကို သန့်ရှင်းရေးလုပ်ခြင်း၊ ထယ်ရေးနက်နက်ထိုး၍ နေလှန်းခြင်း၊ ပြောင်းဖူး သို့မဟုတ် နှံစားပြောင်းတို့နှင့် (၁) နှစ် သီးလှည့်စိုက်ပျိုးခြင်း၊ ဆင်းပဒေသာ-၆ ကဲ့သို့သော ရောဂါဒဏ်ခံနိုင်ရှိမျိုးများကို ရွေးချယ်ခြင်းနှင့် မစိုက်ပျိုးမီ မျိုးစေ့ကို မှိုသတ်ဆေးဖြင့် သေချာလူးနယ်စိုက်ပျိုးခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်ရပါမယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
နွားသေးက ဘယ်နှစ်လထိ အထားခံပါသလည်း ကြာပီဆိုတော့ ပက်ရပါသေးလား
ဖြေကြားချက် 1 ခု
မြေပဲတွေကဥကဥတယ်မှိုနိပ်စက်လို့သိပ်မရလိုက်ဘူး...အပင်ခြေတွေမှာဲကြတာအပင်ကစိမ်းနေပြီးနုတ်လိုက်မှဥတွေပြုတ်ကြနေခဲတာ....
ဖြေကြားချက် 2 ခု
ပိုးသတ်းဆေး အလန်း ပိုးသတ်ဆေးနဲ့ အသီး ဥ အားဆေး အားမြန် တွဲဖြန်းလို့ ရပါသလား ခင်ဗျ အ
ဖြေကြားချက် 3 ခု
မြေပဲခင်းမှာ အားဆေးပက်ချင်လို့ နွားသေးနဲ့ ပုလဲမြေဩဇာ ရောပက်လို့ ရပါသလား ပက်ရရင် ဘယ်လောက် နှုန်းထား စပ်ရမလဲ
ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျ အိန္ဒိယ နိုင်ငံမှာ နာမည်ကြီးနေသည့် နွားသေး ။ နွားချေး စသည် အရော (ဆေး)ရည်ကို လီတာ ၂၀ ဆယ်ဆည့် ပုံး...
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။