အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သန်းထိုက်အောင်
လွန်ခဲ့သော ၂ ရက် က · ချောက်

မြေပဲတွေကဥကဥတယ်မှိုနိပ်စက်လို့သိပ်မရလိုက်ဘူး...အပင်ခြေတွေမှာဲကြတာအပင်ကစိမ်းနေပြီးနုတ်လိုက်မှဥတွေပြုတ်ကြနေခဲတာ...အပင်ဂွတွေမှာကြတာဗျမှိုက..နောက်နှစ်အတွက်ကြိုတင်ပြင်ဆင်ဖို့ရန်အတွက်ဆောင်ရန်ရှောင်ရန်လေးတွေအကြံပြုကြပါအုံးဗျ.....

စိုက်ပျိုးနည်း မြေပဲ

ဖြေကြားချက် ၂ ခု

သငိးသင်းဆွေ
သငိးသင်းဆွေ 494 လွန်ခဲ့သော ၁ ရက် က

နောက်နှစ် မှာ မစိုက်ခင်​မြေပြင်ချိန် မှာ ထရိုင်ဂို ဒါးမား မှို သုံးပါ

သော်ဇင်
သော်ဇင် 370,743 လွန်ခဲ့သော ၁ ရက် က

မြေပဲပင်စည်ပုပ်၊ အပင်ခြေပုပ်နှင့် ဥပုပ်ရောဂါများသည် မှိုကြောင့်ဖြစ်သော မြေဆောင်ရောဂါများဖြစ်ပြီး လက်ရှိတွင် ကုသရန် ခက်ခဲသောကြောင့် ရောဂါရအပင်များကို နှုတ်ယူမီးရှို့၍ စိုက်ခင်းထဲရေမဝပ်အောင် လုပ်ဆောင်ရပါမယ်။ ရောဂါကွင်းဆက်ပြတ်တောက်ရန် နောက်ရာသီတွင် အစိုဓာတ်လွန်ကဲခြင်းနှင့် ရေဝပ်ခြင်းကို ရှောင်ကြဉ်ပြီး မြေပဲကို ဆက်တိုက်မစိုက်ဘဲ အခြားသီးနှံများနှင့် သီးလှည့်စိုက်ပျိုးသင့်ပါတယ်။ အထိရောက်ဆုံး ကာကွယ်မှုအတွက် မြေပြင်ချိန်တွင် ထရိုင်ကိုဒါးမားမှိုကို နွား ချေးဆွေး ဖြင့် ရောစပ်ထည့်သွင်းပေးရမည်ဖြစ်ပြီး၊ မစိုက်ပျိုးမီ မျိုးစေ့ကို ထရိုင်ကိုဒါးမားဖြင့်စနစ်တကျ လူးနယ်စိုက်ပျိုးခြင်းဖြင့် အပင်ခြေပုပ်ခြင်းကိုကာကွယ်နိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။