အပင်မတက်လိုဝါလဲဝါနေတယ်ဘာလုပ်ရမလဲ ာ
စပါးခွံအစိမ်းများကို မီးမရှို့ဘဲ အပင်ခြေတွင် အထူကြီး အုပ်ထားပါက အပူငွေ့ရိုက်ပြီး အပင်ဝါခြင်း ဖြစ်ပွားနိုင်ပါတယ်။ အကြောင်းမှာ စပါးခွံအစိမ်းများသည် မြေတွင်းစိုထိုင်းဆနှင့် တွေ့သောအခါ ဆွေးမြည့်ခြင်း လုပ်ငန်းစဉ် စတင်ပြီး အပူဓာတ် အမြောက်အမြား ထွက်ရှိလာခြင်းကြောင့် ဖြစ်တယ်။ ထိုအပူငွေ့က နုနယ်သော ဂန္ဓမာမြစ်များကို လောင်စေပြီး အပင်ကြီးထွားမှုကို ရပ်တန့်စေတယ်။ ထို့ပြင် စပါးခွံဆွေးမြည့်ရန် မြေကြီးထဲရှိ နိုက်ထရိုဂျင်ဓာတ်ကို လုယူသုံးစွဲသဖြင့် အပင် အာဟာရချို့တဲ့ကာ အရွက်များ ဝါလာရခြင်း ဖြစ်တယ်။ အခြားဖြစ်နိုင်ခြေများမှာ မြေဆီလွှာ ရေဝပ်ခြင်း ကြောင့်လည်းဖြစ်နိုင်ပါတယ်။ အမြန်ဆုံး ကုသရန်အတွက် အမိုင်နိုအက်စစ်ဖျန်းပေးခြင်း ၊ရွက်ဖျန်းအားဆေးဖျန်းပေးခြင်းများဆောင်ရွက်ကြည့်ပါ၊ ထို့နောက်အရောင်ပြောင်းလာတာမျိုးမရှိပါက အပင်ခြေရှိ စပါးခွံများကို ဖယ်ရှားပေးရပါမယ်
ဆက်စပ်မေးခွန်းများ
ဂန္ဓာမာပန်းကအဖူးထွက်နေပြီ ပုံထဲကကယ်စီယမ်ပါတဲ့ဆေးဖျန်းလို့ရလားခင်ဗျာ အဖူးပွင့်အားဆေးလဲညွှန်းပါးအုံးခင်ဗျာ
ဖြေကြားချက် 2 ခု
စိုက်ပျိုးရေးပညာရှင်များခဗျ ဂန္ဓမာပန်းစိုက်ရင်အမိုးလုပ်ပေးရလားဗျ၊ဖြေကြားပေးပါအုန်းဗျ
ဖြေကြားချက် 4 ခု
ဂန္ဓမာ စူပါကျောက်စိမ်းမျိုးက တန်ဆောင်မုန်း နတ်တော်လမှာစပြီးစိုက်ရမှာလာ သို့ အဲဒီလမတိုင်မှီစိုက်ပျိုးရမှာလာ...
ဖြေကြားချက် 3 ခု
မန်ကိုဇက်ရယ်အဇိုဇီကိုနာဇောရယ်ကာတတ်ရယ်စေးကပ်ရေရောဖျန်းကောင်းလား
ဖြေကြားချက် 2 ခု
ဂန္ဓာပန်းခင်းကျောက်ရောဂါစတွေ့လာလို့ဆိုင်ကဒီဆေးနှစ်မျိုးရောဖျန်းခိုင်းလို့အဆင်နိုမလားခင်ဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။