ပြောင်း ၁၅ရက်သားရှိပြီ ခုထိအပင်က သိပ်မထသေးဘူး အဲ့တာဘာဖစ်လို့လဲဗျာ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၁၅ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- တစ်ပင်လုံး
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေသာ
အသက် ၁၅ ရက်သား ပြောင်းပင်များ ကြီးထွားမှုတုံ့နှေးပြီး မထွားရခြင်းမှာ မြေဩဇာ လုံးဝမကျွေးရသေးသဖြင့် အာဟာရပြတ်လတ်နေခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် အပင်ထူပါကအပင်များကို ချက်ချင်း သားခွဲ (မှုန်း) ပေးပြီး၊ အမြစ်သစ်ထွက်စေရန် အပင်ခြေကို မြေဆွပေးရပါမယ်။ ထို့နောက် အမိုင်နိုအက်ဆစ်နှင့် အနည်းလိုရွက်ဖျန်းအား ဆေးများဖျန်းပေးပြီး၊ အပင်ခြေမှ ၃ လက်မခန့်ခွာ၍ နိုက်ထရိုဂျင်ဓာတ်ပါသော ယူရီးယား သို့မဟုတ် ကွန်ပေါင်းမြေဩဇာကို အမြန်ဆုံး ကျွေးပေးခြင်းဖြင့် ပြောင်းပင်များ ပြန်လည်ကြီးထွားလာစေနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။
ဖြေကြားချက် 5 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံ...
ဖြေကြားချက် 2 ခု
ပြောင်းခင်း ငမြောင်တောင်ကျနေတာဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 2 ခု
အနှံထွက်ပြိးနောက်ပိုင်းdifenoconazole+astrobinနှစ်ကြိမ်ဖြန်းထားတယ်ဗျထက်ဖြန်းဖို့လိုသေးလားဗျ
ဖြေကြားချက် 4 ခု
ပေါင်းသတ်ဆေးဖြန်းလို့အဆင်ပြေအုံးမလားဗျ၁လသားတုန်းကကွန်းဟုပ်တစ်ကြိမ်ဖြန်းထားသေးလို့ကြွက်သတ်ဆေးကောဘာသုံးသင့်လဲဗျ...
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။