အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
cherry lay
cherry lay 111
လွန်ခဲ့သော ၁ ပတ် က · အမရပူရ

ပြောင်းခင်း ငမြောင်တောင်ကျနေတာဘာဆေးဖျန်းရမလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ပိုးမွှားရောဂါ ပြောင်း

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၁ ပတ် က

Emamectin benzoate 5%wdg{အမဲနက်) ဆေးတပုံး ၁၀ဂရမ်/၁၅ဂရမ်နုန်း ထည့်ဖျော်ပြီး၊ ကတော့ထဲကို နော်ဇေယ်ခေါင်း တည်ဖျန်းပါ။(နော်ဇယ်ခေါင်း အလုံးနဲ့)။

သော်ဇင်
သော်ဇင် 352,834 လွန်ခဲ့သော ၁ ပတ် က

သက်တမ်း (၂၀) ရက်ရှိ ပြောင်းခင်းတွင် ကျရောက်သော ဖောငမြှောင်တောင်ပိုးကို ကာကွယ်ရန် ပိုးကောင်ငယ်စဉ် လက်ဦးမှုယူ နှိမ်နင်းလေ့ရှိပါတယ်။ စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ဆေးယဉ်ပါးမှု မဖြစ်စေရန် ဆေးအုပ်စု (၁): အီမာမက်တင်ဘန်ဇိုအိတ် (Emamectin benzoate) သို့မဟုတ် စပီနိုဆတ် (Spinosad) ဆေးအုပ်စု (၂): ကလိုရန်ထရန်နီလီပရိုးလ် (Chlorantraniliprole) ဆေးအုပ်စု (၃): အင်ဒေါက်ဇာကပ် (Indoxacarb) သို့မဟုတ် ကလိုဖန်နာပြာ(Chlorfenapyr)စသည့် ဆေးအုပ်စုများကို တစ်လှည့်စီ ပြောင်းလဲအသုံးပြု‌ေလ့ရှိတယ်။ ပိုးကောင်များသည် နေ့ခင်းဘက်တွင် ရွက်လိပ်အုံထဲ၌ ပုန်းအောင်းပြီး ညဘက်တွင် ထွက်စားတတ်သဖြင့် ဆေးကို ညနေခင်း သို့မဟုတ် နံနက်စောစောအချိန်တွင် ပြောင်းပင်၏ ဗဟိုရွက်လိပ်အုံ (လည်ပင်း) ထဲသို့ စိမ့်ဝင်အောင် အဓိကဦးတည် ပက်ဖျန်းပေးလေ့ရှိတယ်။ တစ်ပြိုင်နက်တည်းမှာပင် စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို သန့်စင်အောင် ရှင်းလင်းပေးခြင်းဖြင့် ပိုးမွှားခိုအောင်းမှုကို လျှော့ချနိုင်ပါလိမ့်မယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။