အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦး​နေလင်းထက်
လွန်ခဲ့သော ၂ ပတ် က · ဇီးကုန်း

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ ​သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အမြစ်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
ပိုးမွှားရောဂါ ပဲတီစိမ်း
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 405,461 လွန်ခဲ့သော ၂ ပတ် က

ပဲတီစိမ်းပင်များ အဖူးအပွင့်ဝင်ချိန်တွင် ညှိုးခြောက်သေဆုံးခြင်းသည် မြေဆောင်မှိုကြောင့်ဖြစ်သော Fusarium wilt (ပင်ညှိုးရောဂါ) သို့မဟုတ် Dry Root Rot (မြစ်ခြောက်ဆွေးရောဂါ) ကြောင့် ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ဤရောဂါကို ကုသရန်အတွက် အပင်ခြေဖျန်းဆေးအဖြစ် မြေဆောင်မှိုများကို ထိရောက်စွာ နှိမ်နင်းပေးနိုင်ပြီး အမြစ်စနစ်ကို ပြန်လည်ကောင်းမွန်စေသည့် Hymexazol မှိုသတ်ဆေးကို အမြစ်နှင့် အပင်ခြေမြေကြီးထဲသို့ စိမ့်ဝင်အောင် သေချာစွာ ဖျန်းပေးရပါမယ်။ တစ်ပြိုင်နက်တည်းမှာပင် အပင်အပေါ်ပိုင်း အရွက်နှင့် ပင်စည်များသို့ ရောဂါဆက်လက်မပြန့်ပွားစေရန် ပင်လုံးပျံ့မှိုသတ်ဆေးဖြစ်သော Azoxystrobin ကို ပက်ဖျန်းပေးရပါမယ်။ ဆေးမဖျန်းမီ ရောဂါပြင်းထန်စွာရပြီး ခြောက်သွေ့နေသော အပင်များကို စိုက်ခင်းထဲမှ အမြစ်ပါမကျန် နှုတ်ယူမီးရှို့ဖျက်ဆီးပစ်ရန် အရေးကြီးပြီး၊ ဆေးကို နေပူရှိန်ပြင်းချိန် ရှောင်၍ မနက်စောစော သို့မဟုတ် ညနေခင်းတွင် ဖျန်းပေးရပါမယ်။ လိုအပ်ပါက ၇ ရက်မှ ၁၀ ရက်အကြာတွင် ဒုတိယအကြိမ် ထပ်မံဖျန်းပေးနိုင်ပြီး၊ နောင်ရာသီတွင် ရောဂါကြိုတင်ကာကွယ်ရန်အခြားမျိုးရင်းဝင်သီးနှံသီးလှည့်စိုက်ပျိုးခြင်း၊မျိုးစေ့လူးနယ်ဆေး သုံးစွဲခြင်းနှင့် မြေခံတွင် Trichoderma အကျိုးပြုမှို ထည့်သွင်းခြင်းတို့ကို ပြုလုပ်ရပါမယ်။မြေချဉ်မြေငံpHတိုင်းတာပြီး မြေချဉ်ပါက ထုံးထည့်မြေပြုပြင်ရန်လည်းလိုအပ်ပါတယ်ခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,121,453 လွန်ခဲ့သော ၂ ပတ် က

ပဲပင်တွေ၊အပွင့်ဝင်ချိန် သေတဲ့ပြဿနာက၊ Dry root rotလို့ခေါ်တဲ့ မြစ်ခြောက်ဆွေးရော၊ ဖျူဆေရိယန်ရောဂါ တခုခုကြောင့်ဖြစ်တတ်ပါတယ်။ မဖြစ်အောင်ကာကွယ်ဖို့ဆိုရင်၊ပဲသီးနှံကို ၄နှစ်လောက် မစိာက်ပဲ၊အခြားသီးနှံပြောင်းစိုက်ပေးဖို့လိုပါတယ်။ သီးနှံမပြောင်းနိုင်ပါက၊ ထရိုင်ကိုဒါးမား ထည့်ခြင်း၊မျိုးစေ့ ဆေးလယးခြင်း၊မြေချဉ်ငံပြုပြင်ခြင်း၊ စတာတွေ ပြုလုပ်ဖို့လိုပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်​သေဆုံးရသည့် အ​ကြောင်းအရင်းကို သိချင်ပါတယ်ခင်...

ဖြေကြားချက် 2 ခု

ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏

ဖြေကြားချက် 3 ခု

ပဲတီစိမ်းစိုက်ခါနီး ကောက်ရိုးကို မီးရှို့သင့်လား မသင့်ဘူးလား

ဖြေကြားချက် 2 ခု

15ရက်သားပါမှိုဆေးနှင့်ဂျာပေါင်းသတ်ဆေးဘာအရင်ဖြန်းသင့်လဲး

ဖြေကြားချက် 1 ခု

ဆရာရေအီးအမ်နဲ့ထရိုက်ကိုဒါးမားကိုပဲမကြဲခင်ရိုးဖြတ်ကိုဖြန်းခြင်းအားဖြင့်ရွေးချယ်မဲ့မြဖန်းပဲရလားခဗျ။ဖြန်းပြိးဘယ်န...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။