အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
‌ကိုအောင်မြင့်မြတ်
လွန်ခဲ့သော ၃ ပတ် က · မြန်အောင်

ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏

စိုက်ပျိုးနည်း ပဲတီစိမ်း
3

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 405,507 လွန်ခဲ့သော ၃ ပတ် က
ဤအဖြေဖြင့် ပြေလည်

ပဲတီစိမ်းနှင့် မတ်ပဲကို အောက်တိုဘာနှင့် နိုင်ဝင်ဘာလ ဒုတိယပတ်အတွင်းထိစိုက်ပျိုးလို့ရပါတယ်၊ ရေအရင်းအမြစ်ကတော့ တောင်သူဦးကြီးအနေနဲ့ အပင်ရေလိုအပ်သည့်အခါပေစနိုင်မပေးနိုင်တော့ မိမိဘာသာချင့်ချိန်စဥ်းစားကြည့်ပါဗျ၊ သဲဆန်မြေမဟုတ်ရင်တော့ ရေလိုအပ်မှုနည်းတက်ပါတယ်

‌ကိုအောင်မြင့်မြတ်
‌ကိုအောင်မြင့်မြတ် 557 လွန်ခဲ့သော ၃ ပတ် က
ဤအဖြေဖြင့် ပြေလည်

ခုသီတင်းကျွတ်လပ့ည့်ဆိုပဲတီစိမ်းမှီနိင်လားခဗျ

သော်ဇင်
သော်ဇင် 405,507 လွန်ခဲ့သော ၃ ပတ် က
ဤအဖြေဖြင့် ပြေလည်

မတ်ပဲ (TBL-9) သည် ပဲတီစိမ်း (ဝါးခယ်မမျိုး) ထက် ရေငတ်ဒဏ်နှင့် မြေဆီလွှာအစိုဓာတ် ခမ်းခြောက်မှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပါတယ်။ မတ်ပဲသည် အမြစ်စနစ် နက်ရှိုင်းစွာ ဆင်းနိုင်ပြီး မြေအောက်လွှာ အစိုဓာတ်ကို ကောင်းစွာ စုပ်ယူနိုင်သည့်အပြင် TBL-9 မျိုးသည် သက်တမ်းတို (၇၅-၈၅ ရက်) မျိုးဖြစ်၍ ရေငတ်ဒဏ်ကို ပိုမိုကျော်လွှာနိုင်ပါတယ်။ ပဲတီစိမ်း (ဝါးခယ်မမျိုး) ကတော့ ပန်းပွင့် သီးတောင့်တင်ချိန်တွင် မြေအစိုဓာတ် လုံးဝမပြတ်ရန် လိုအပ်ပြီး ရာသီဥတုပူပြင်း၍ ရေငတ်ပါက အထွက်နှုန်း သိသိသာသာ ကျဆင်းတတ်သဖြင့် ရေနောက်ကျမှစိုက်ရမည့် ရာသီဥတုမျိုးတွင် မတ်ပဲ TBL-9 က ပိုမိုစိတ်ချရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။