ဖြေကြားချက် ၂ ခု
GW 11 စပါးမျိုးသည် သက်တမ်း ရက် ၁၁၀ မှ ၁၁၅ ရက်ခန့်သာရှိသော သက်လျင်စပါးမျိုးဖြစ်၍ အထွက်နှုန်းကောင်းရန် အချိန်ကိုက်မြေဩဇာကျွေးရန် လိုအပ်ပါတယ်။ မြေပြင်ချိန်တွင် အမြစ်ပွားအားကောင်းစေရန် တီစူပါ (P)အိတ်ဝက်၊ ပိုတက်ရှ်(K) အိတ်ဝက်ကို မြေခံအဖြစ် ထည့်ရမယ် မြေခံမှာမထည့်ခဲ့ပါက စပါးသက်တမ်း၁၅ရက်နောက်ပိုင်းမှစ၍ကျွေးပေးပါ။ စိုက်ပျိုးပြီး သက်တမ်း ၂၀-၂၅ ရက် (အပင်ပွားချိန်) တွင် အပင်သန်မာစေရန် ယူရီးယား အိတ်ဝက် ထပ်မံကျွေးရပါမယ်။ နောက်ဆုံးအနေဖြင့် သက်တမ်း ၅၀-၅၅ ရက် (မှို့ကပ်ချိန်) တွင် စပါးနှံရှည်ပြီး အောင်စေ့များစေရန် ယူရီးယား အိတ်ဝက်နှင့် ပိုတက်ရှ် အိတ်ဝက်ကို တွဲဖက်ကျွေးရပါမယ်။ မြေဩဇာမကျွေးမီ ပေါင်းမြက် ရှင်းလင်းထားရန်နှင့် ကျွေးပြီးစတွင် ရေကို ခပ်စပ်စပ်သာ ထားရှိရန် လိုအပ်ပါတယ်။ အနှစ်ချုပ်ရရင် ပုလဲကို စပါးပင်အရွက်အရောင်ကြည့်ပြီး လိုအပ်ချင့်ချိန်ကျွေးနိုင်ပြီးပိုတက်ရှ် Kကိုတော့ မဖြစ်မနေမှို့ကပ်ချိန်မှာ ထည့်သွင်းပေးဖို့လိုပါတယ်။ Pနှင့်Kကို တော့ မြေခံမှာထည့်ရင်ထည့်၊မထည့်ရင်စပါးသက်တမ်းအစောပိုင်းမှာထည့်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းမြေဆီကျွေးနည်းလေးသိချင်လို့ပါဗျ ရက်၊လ၊လေးပြောပေးပါလားဗျ
ဖြေကြားချက် 1 ခု
မေးပါဦးမယ်ခင်ဗျ ပျိုးထောင်ပြီး ပြောင်းရွေ့စိုက်တဲ့စပါးခင်းတွေမှာ စပါးသက်တမ်းတွက်ရင် ပျိုးခင်းမှာ အညှောင့်ပေါက်...
ဖြေကြားချက် 1 ခု
ရွှေဘိုဘေးကျားလေးက သက်တမ်းဘယ်လောက်ရှိ့လဲဗျ ပြီးတော့ ဘယ်နရက်သားဆိုဖုံးလဲဗျ အခုက ၇၈ ရှိ့ပါပြီဗျ ပြီးတော့ အပင်လို...
ဖြေကြားချက် 7 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
ဖြေကြားချက် 2 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
ဖြေကြားချက် 2 ခု