အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
KYAW SHANE
KYAW SHANE 131
လွန်ခဲ့သော ၁ ပတ် က · ဖျာပုံ

ရွှေဘိုဘေးကျားလေးက သက်တမ်းဘယ်လောက်ရှိ့လဲဗျ ပြီးတော့ ဘယ်နရက်သားဆိုဖုံးလဲဗျ အခုက ၇၈ ရှိ့ပါပြီဗျ ပြီးတော့ အပင်လိုလှုပ်ကြည့်လိုက်လျှင်ဖြုတ်ပိုး၆ကောင်၇ကောင်လောက်တွေ့ရတယ်ဗျ ဆိုးရိမ်ရလာဗျ ဖြေပေးပါအုံးခဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၇၈ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
အပင်အာဟာရ စပါး

ဖြေကြားချက် ၇ ခု

သော်ဇင်
သော်ဇင် 370,744 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

အိုက်တမ်၊နိုးဝမ်းက ဆေးအမည်ပါ။ မှို့ကပ်ချိန်ရောက်ပြီဆိုတော့ ပိုတက်ရှ်မြေဩဇာနှင့်ကွန်ပေါင်းမြေဩဇာတမျိုးမျိုးကျွေးနိုင်ပါတယ်။ အားဆေးကိုတော့ကုန်ကျစရိတ်သက်သာပြီး အသီးအောင်ရန်အတွက် အနှံထွက်ပြီးမှ P,Kအချိုးများအားဆေးဖျန်းပေးနိုင်ပါတယ်

သော်ဇင်
သော်ဇင် 370,744 လွန်ခဲ့သော ၁ ပတ် က

ပွင့်သီးတင်၊ ပီဖိုလန်

KYAW SHANE
KYAW SHANE 131 လွန်ခဲ့သော ၁ ပတ် က

pkအချိုးများတဲ့ ဆေးအမည်ပြောပြပေးပါလားဗျ

KYAW SHANE
KYAW SHANE 131 လွန်ခဲ့သော ၁ ပတ် က

ပြီးတော့ အပင်နှင့်အသီးအတွက်အရာရဖြစ်အောင် ​ဘယ်လိုဆေးတွေရောပြီးဖြန်းသင်ပါလဲခဗျ

KYAW SHANE
KYAW SHANE 131 လွန်ခဲ့သော ၁ ပတ် က

ဆေးနာမည်ပြောပေးပါလားခဗျာ

သော်ဇင်
သော်ဇင် 370,744 လွန်ခဲ့သော ၁ ပတ် က

ရာသီစပါးဖြစ်လို့ မှို့ဘယ်ချိန်ကပ်မလဲအတိကျပြောမရပေမယ့် ပျမ်းမျှ၈၅-၉၀မှာတော့ မှို့ကပ်နိုင်ပါတယ်

သော်ဇင်
သော်ဇင် 370,744 လွန်ခဲ့သော ၁ ပတ် က

ရွှေဘိုပေါ်ဆန်း (ဘေးကြား) စပါးသည် သက်တမ်းရင့် အလင်းရောင်တုံ့ပြန်မှုရှိသော ရာသီစပါးမျိုးဖြစ်ပြီး ပျမ်းမျှသက်တမ်း (၅) လ (ရက်ပေါင်း ၁၅၀ ဝန်းကျင်) ရှိပါတယ်။ လက်ရှိ ၇၈ ရက်သား အဆင့်သည် စပါးပင် ကြီးထွားမှုမှသည် မှို့စောစောတည်ခြင်းသို့ ကူးပြောင်းနေသော အရေးကြီးသည့် ကာလဖြစ်ပြီး အပင်ကိုလှုပ်ကြည့်ရာတွင် ဖြုတ်ပိုး ၇ ကောင်ဝန်းကျင် တွေ့ရခြင်းမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်ကာ ချက်ချင်းမနှိမ်နင်းပါက ကွက်၍ခြောက်သွေ့သေဆုံးခြင်း (Hopper burn) ဖြစ်ပွားနိုင်ပါတယ်။ နှိမ်နင်းရန်အတွက် စိုက်ခင်းအတွင်းရှိရေကို ၂ ရက်မှ ၃ ရက် ဖြတ်တောက်ပေးခြင်း၊ အပင်ခြေထိ နေရောင်နှင့် လေဝင်လေထွက်ကောင်းအောင် ပေါင်းမြက်ရှင်းပေးခြင်းနှင့် ပိုးကောင်ရေအရမ်းများပါက ဖြုတ်ပိုးသီးသန့်ဆေးများဖြစ်သည့် ပိုင်မီထရိုဇင်း (Pymetrozine) သို့မဟုတ် ဒီုင်နိုတီဖျူရန် (Dinotefuran) ကို အပင်ခြေထိ ရောက်အောင် သေချာဂရုစိုက် ပက်ဖျန်းပေးရန် လိုအပ်ပါတယ်

You

ဆက်စပ်မေးခွန်းများ

စပါးပင်တွေပင်ပွားမရှိဘဲ ပိတ်သည်းနေတာ 75ရက်သားရှိပါပီ မှို့ဆေးဖျန်းရတေယ့မလား 120သက်တမ်းစပါးပါ

ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါး အသက်155-160ပါ မစိုက်ခင်မြေပြင်ချိန်မှာ ပိုတက်ရှ်နဲ့တီစူပါ တစ်ဝက်နှုန်းခံထားပါတယ် အပင်ပွား...

ဖြေကြားချက် 1 ခု

စပါးပင်တွေကဖီလဲနေလို့ အနှံမထွက်နိုင်မှာမို့ ရိတ်လို့ရတယ်မလား 75ရက်သားပါ ပိုတက်ကိုဘယ်ချိန်နောက်ဆုံးထားကျွေးသင့်...

ဖြေကြားချက် 2 ခု

မေးပါဦးမယ်ခင်ဗျ ပျိုးထောင်ပြီး ပြောင်းရွေ့စိုက်တဲ့စပါးခင်းတွေမှာ စပါးသက်တမ်းတွက်ရင် ပျိုးခင်းမှာ အညှောင့်ပေါက်...

ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းမြေဆီကျွေးနည်းလေးသိချင်လို့ပါဗျ ရက်၊လ၊လေးပြောပေးပါလားဗျ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။