အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Nan Lin Soe
Nan Lin Soe 34
လွန်ခဲ့သော ၁ ပတ် က · ပွင့်ဖြူ

ဘာရောပါလဲဗျ။ ကိုင်လိူက်တာနဲ့ အညာကကြွေပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး
ပိုးမွှားရောဂါ ငရုတ်သီး

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၁ ပတ် က

ငရုတ်သီးများ ကိုင်တွယ်လိုက်သည်နှင့် အညှာမှ ကြွေကျပျက်စီးခြင်းသည် အဓိကအားဖြင့် ငရုတ် မှည့်ပျောက်စွန်းရောဂါ (Anthracnose) မှိုပိုးကြောင့်သော်လည်းကောင်း၊ ငရုတ်သီးထိုးယင် (Chilli Fruit Fly) လောက်ကောင်များ အသီးအတွင်းပိုင်းကို ကိုက်စားဆွေးမြည့်စေခြင်းကြောင့်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။ ထို့ပြင် ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်းကြောင့်လည်း အသီးများ ဆွေးမြည့်ကြွေကျနိုင်ပါတယ်။ ၎င်းကို ကာကွယ်ရန် ရောဂါရအသီးများကို ဖယ်ရှားမီးရှို့ခြင်း၊ အက်ဇိုဆီစထရိုဘင်(Azoxystrobin) သို့မဟုတ် မန်ကိုဇက် (Mancozeb)ကဲ့သို့သော မှိုသတ်ဆေးများ ပက်ဖျန်းခြင်း၊ သီးထိုးယင်ထောင်ချောက်များ အသုံးပြုခြင်းနှင့် ကယ်လ်စီယမ် ဘိုရွန် ရွက်ဖျန်းအားဆေးများ ဖျန်းခြင်းတို့ကို စနစ်တကျ ပြုလုပ်ပေးရပါမယ်။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,049 လွန်ခဲ့သော ၁ ပတ် က

အညာကြွေလွယ်တာက အကြောင်းအရင်းတွေ အများကြီးရှိနိုင်တယ်။ မှဲ့ပြောက်စွန်း၊ ကိုင်းဖျားခြောက်နဲ့ သီးလုံးဖောက်ပိုးတွေကြောင့် ဖြစ်နိုင်တယ်။ ဓာတ်ပုံမတင်တော့ ဘာလက္ခဏမှာ မပြနေဘူးလို့ ယူဆပြီး ကယ်ဆီယမ်ဓာတ်ချို့တဲ့တာဖြစ်နိုင်ပါတယ်။ ကယ်ဆီယမ်ဆိုရင်တော့ ဂျစ်ပဆန်ထည့်ပေးပါ။ ဓာတ်ပုံလေးတင်ပြီး မေးပေးရင်တော့ ပိုတိကျတဲ့ အဖြေပေးနိုင်မယ်ထင်ပါတယ်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ်...

ဖြေကြားချက် 1 ခု

ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး

ဖြေကြားချက် 1 ခု

ငြုပ်ပင်အရွက်ထွတ်နေလို့ ဘာဆေးသုံးရင်ကောင်းမလည်းဗျ ပုလဲ​ကျွေးထားတာ ၁ပတ်လောက်ရှိပြီ ပုလဲပက်ပြီးမှအရွက်ကပိုထွတ်လာ...

ဖြေကြားချက် 6 ခု

ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမ...

ဖြေကြားချက် 5 ခု

မနှစ်ကစိမ်ထားသည့်အာမိုN16/P16/k8/sulphur13အရေကိုဒီနှစ်ရောစိမ်ပီးအသုံးပြုလို့ရမရ။ ကောင်းကြိုးဆိုးကျိုးလေးများသိ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။