အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖိုးလပြည့်
လွန်ခဲ့သော ၂ ပတ် က · မိတ္ထီလာ

ငြုပ်ပင်အရွက်ထွတ်နေလို့ ဘာဆေးသုံးရင်ကောင်းမလည်းဗျ ပုလဲ​ကျွေးထားတာ ၁ပတ်လောက်ရှိပြီ ပုလဲပက်ပြီးမှအရွက်ကပိုထွတ်လာလို့ ဘာဆေးသုံးရမလည်းပြောပြပေးပါလားဗျ အသီးပွင်အားအေးရောတခါတည်းညွှန်းပေးပါလားဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၉၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
ပိုးမွှားရောဂါ ငရုတ်သီး

ဖြေကြားချက် ၆ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၂ ပတ် က

အရွက်ထွတ်ရာမှာ၊လှေး၊ယင်ဖြူကြောင့်ထွတ်သလား?၊ မွှား ကြောင့်လား? အရွက်ညွန့်တွေ အပေါ်လှန်ပြီး ခွက်ပုံ ဆိုရင် လှေး။ အောက်ကုပ်ပြီး တွန့်လိမ်နေရင် broad mite ။မွှားကြေ င့်ဆိုရင် အဘာမက်တင်+ကလိုဖန်နပျာ ဖျန်းပါ။သို့မဟုတ် ပိုင်ရီဒါဘင်+ကလိုဖန်နပျာ ဖျန်းပါ။ အနည်းလိုအာဟာရ အားဆေး ကို ထပ်လိုက်ပေးပါ။

Ko Aye Min Tun
Ko Aye Min Tun 160 လွန်ခဲ့သော ၂ ပတ် က

လှေးပိုးကျလို့ နောက်ဆက်တွဲ virus ဝင်တာပါ အကောင်းဆုံးကတော့ ငရုတ် ပန်းစပွင့်ချိန်မှာ လှေးပိုးနိုင်တဲ့ဆေး fipronil တို့ Acetameprid တို့ အလှည့်ကျ ဖြန်းပေးရင် အဆင်ပြေပါတယ် အညာဒေသဆိုရင် prophenofos ဖြန်းရင်လည်း အဆင်ပြေပါတယ်

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၂ ပတ် က

ဟုတျကဲ့၊ရပါတယျဗြ

ဖိုးလပြည့်
ဖိုးလပြည့် 96 လွန်ခဲ့သော ၂ ပတ် က

@သော်ဇင် ဖိုးလပြည့် aiကိုမေးကြည့်တာတော့ဒီဆေးကိုညွန်ထားတယ်ဆရာ အပြင်လောက်လားဗျ Abamectin + Chlorfenapyr

ဖိုးလပြည့်
ဖိုးလပြည့် 96 လွန်ခဲ့သော ၂ ပတ် က

aiကိုမေးကြည့်တာတော့ဒီဆေးကိုညွန်ထားတယ်ဆရာ အပြင်လောက်လားဗျ Abamectin + Chlorfenapyr

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၂ ပတ် က

ငရုတ်ပင် သက်တမ်း ရက် ၉၀ တွင် ပုလဲကျွေးပြီးနောက် အရွက်သစ်များ တွန့်လိမ်ကုတ်ထွက်လာခြင်းသည် ငရုတ်ရွက်လိပ်ဗိုင်းရပ်စ်ရောဂါ (Leaf Curl Virus)၊ လှေးပိုး (Thrips) သို့မဟုတ် မွှားပင့်ကူ (Mites) ကျရောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ရောဂါသည် အပင်ထဲဝင်ပါက ဆေးဖြန်းရုံဖြင့် လုံးဝပျောက်ကင်းအောင် ကုသ၍မရနိုင်သဖြင့် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ရောဂါသယ်ဆောင်သော ယင်ဖြူနှင့် စုပ်စားပိုးများကျ‌ေရာက်ပါက အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် Acetamiprid ကဲ့သို့ ပင်လုံးပျံ့ပိုးသတ်ဆေးများသုံးစွဲလေ့ရှိတယ်။ တစ်ပြိုင်နက်တည်းတွင် စိုက်ခင်းအတွင်အဝါရောင်‌ကော်စေးများ ထောင်ခြင်း၊ အပင်ခံနိုင်ရည်ရှိစေရန် အနည်းလို ရွက်ဖျန်းအားဆေးများ ကျွေးခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်ပေးရပါမယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။