ဖြေကြားချက် ၃ ခု
စပါးရိတ်ပြီး မတ်ပဲခုတ်ဖုံးစနစ်တွင် EM နှင့် အမိုင်နိုအက်စစ် သုံးစွဲခြင်းသည် အလွန်ထိရောက်သော နည်းလမ်းဖြစ်ပါတယ်။ စပါးရိုးပြတ်များ ဆွေးမြည့်စေရန် မြေအစိုဓာတ်ရှိစဉ် EM အဆင်သင့်သုံးဖျန်းရည် တစ်ဧကလျှင် ပက်ဖျန်းပုံး ၄ ပုံးမှ ၅ ပုံးခန့်) ကို နှံ့စပ်အောင် ဖျန်းပေးရပါမယ်။ ပဲပင်ပေါက်လာချိန်တွင် ပဲမြစ်ဖုနုနယ်ပြီး အာဟာရရှာရခက်ခဲသဖြင့် မတ်ပဲသက်တမ်း (၁၅) ရက်မှ (၂၀) ရက်သား (အစစ်အမှန်ရွက် ၂ စုံမှ ၃ စုံထွက်ချိန်) တွင် အမိုင်နိုအက်စစ်ကို စတင်ရွက်ဖြန်းပေးရပါမယ်။ ဤနည်းလမ်းသည် ရိုးပြတ်ဆွေးမြည့်မှု မြန်ဆန်စေပြီး အပင်ငယ်စဉ် ကြီးထွားမှုကို အလွန်အထောက်အကူပြုသဖြင့် အသုံးပြုရန် လုံးဝအဆင်ပြေပါတယ်။
ဆက်စပ်မေးခွန်းများ
စိုက်ဧက 1ဧကအတွက် မတ်ပဲမျိုး ဘယ်နတင်း ကျဲသင့်လဲ ရေလိုက်ခုတ်ဖုံး အတွက်ပါ အခုမှ လယ်စလုပ်သူမို့ မသိလို့ပါ
ဖြေကြားချက် 1 ခု
ရိုင်ဇိုဘီယမ် ဝယ်လို့ရမယ့်နေရာ သိချင်ပါတယ်ခင်ဗျာ စိုက်ပျိုးရေးဥိးစီးဌာနမှာပဲ ဝယ်လို့ရတာလားခင်ဗျာ စိုက်ပျိုးရေး...
ဖြေကြားချက် 1 ခု
ပဲပုတ်နဲ့မတ်ပဲစိုက်မှာပါမြေခံဘာထည့်ရမလည်းခင်ဗျမြေကတော့သဲမြေပါ
ဖြေကြားချက် 5 ခု
ဒိုက်မြက်နဲ့ မြင်းစာမြက်ရှိတဲ့လယ်တေကို မတ်ပဲကျဲလို့သင့်တော်မလား
ဖြေကြားချက် 1 ခု
မတ်ပဲကျဲရာတွင် ငန်းမဟာအောင် လက်ပေါက်လှအောင်ဘယ်လိုကျဲသင့်လဲရှင်းပြပေးပါဦးဆရာတို့
ဖြေကြားချက် 1 ခု