အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးဇာနည်
လွန်ခဲ့သော ၁ လ က · ကြံခင်း

ပဲပုတ်နဲ့မတ်ပဲစိုက်မှာပါမြေခံဘာထည့်ရမလည်းခင်ဗျမြေကတော့သဲမြေပါ

မြေဆီလွှာ မတ်ပဲ

ဖြေကြားချက် ၅ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,035 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

သဲမြေဆိုရင်တော့ အစိုဓာတ်နဲ့ အဟာရဓာတ်တွေ ထိန်းနိုင်ဖို့အတွက် သဘာဝမြေသြဇာမဖြစ်မနေထည့်ပေးပါ။ ပဲမြစ်ဖုမြေသြဇာကို မျိုးစေ့နဲ့ လူးနယ်ပြီး ထည့်နိုင်ပါတယ်။ သဲဆန်တဲ့မြေမှာ ကယ်ဆီယမ်နဲ့ ဆာလဖာနည်းတတ်တဲ့အတွက်ကြောင့် ကျောက်မှုန့် အိတ်ဝက်ခန့်ထည့်ပေးပါ။ တီစူပါနဲ့ ပိုတက် သို့မဟုတ် ကွန်ပေါင်း ၁၅ ပတ်လည် လည်း ထည့်ပေးနိုင်ပါတယ်။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,035 လွန်ခဲ့သော ၁ လ က

@ဦးဇာနည် မျိုးစေ့လူးနယ်ဆေးနဲ့တော့ မရောပါနဲ့‌ဗျ။ အဲဒီလို ဆိုရင်တော့ မြစ်ဖုမြေဩဇာကို သဘာဝမြေဩဇာနဲ့ ရောလိုက်ပါဗျ။ ဓာတုဆေးတွေက မြစ်ဖုအဏုဇီဝကို ထိခိုက်နိုင်ပါတယ်။

ဦးဇာနည်
ဦးဇာနည် 223 လွန်ခဲ့သော ၁ လ က

လူးနယ်ဆေးနဲ့ရောလူးလို့ရလားဗျပဲမစ်ဖုမြေသြဇာကိုပုံလေးပြပေးပါလားခင်ဗျ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,035 လွန်ခဲ့သော ၁ လ က

@Nova Nova သဘာဝမြေသြဇာနဲ့ ရောထည့်လို့လည်း ရပါတယ်။ ဒါပေမယ့် မျိုးစေ့နဲ့ လူးနယ်တာက ပိုပြီး အားသချက်တွေ ရှိပါတယ်။ မျိုးစေ့နဲ့ လူးနယ်လိုက်ခြင်းအားဖြင့် မျိုးစေ့က အညှောင့်ပေါက်ပေါက်ခြင်းမှာတင် ပဲမြစ်ဖုအဏုဇီဝပိုးက အနီးနားမှာ ရှိနေတဲ့အတွက် ချက်ချင်းပဲ ထိတွေ့နိုင်ပါတယ်။ အပင်ပေါက်က ပဲမြစ်ဖုအဏုဇီဝပိုးကို ဝေးဝေးသွားရှာနေစရာမလိုတော့တာပေါ့။

Nova Nova
Nova Nova 4,010 လွန်ခဲ့သော ၁ လ က

@Thein Soe Min ပဲမြစ်ဖုက မျိုးစေ့နဲ့ လူးရမှာလား? သဘာဝမြေဩဇာထဲ ရောလိုက်တာနဲ့ ဘယ်ဟာက ပိုကောင်းလဲ?

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။