အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Yan
U Yan 10,049
လွန်ခဲ့သော ၁ လ က · ချောက်

ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်နှစ်ရက်နေမှ မန်ကိုဇက်ဖျန်းသင့်လဲဆရာ အပင်ပုမျိုးဆိုတော့ အတန်းတန်းပေးဖို့လိုသေးလားဆရာ

မြေဆီလွှာ ခရမ်းချဉ်
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 354,383 လွန်ခဲ့သော ၁ လ က

ခရမ်းချဉ်ပင် အသီးစသီးချိန်တွင် အသီးကြီးထွားပြီး အရသာကောင်းမွန်စေရန် ပိုတက်စီယမ်သီးသန့် လိုအပ်ပါတယ်။ ထိုအတွက် ဓာတ်မြေဩဇာအဖြစ် ပိုတက်စီယမ်ဆာလဖိတ် (0-0-50) ကို သုံးနိုင်ပြီး သဘာဝနည်းအရ စပါးခွံပြာ သို့မဟုတ် ထင်းပြာကို အပင်ခြေတွင် ကျွေးနိုင်ပါတယ်။ ဝိစာရ ၁၅-၁၅-၁၅ ပတ်လည်မြေဩဇာကျွေးထားတယ်ဆိုလည်းအဆင်‌ ပြေပါတယ်ဗျ။ ပိုးမွှားနှင့် မှိုရောဂါ ကာကွယ်ရန်အတွက် အကြမ်းဖျင်းအားဖြင့်၁၀ ရက်မှ ၁၄ ရက်ခြားတစ်ကြိမ် ဖြန်းပေးရမည်ဖြစ်ပြီး၊ ရောဂါကျရောက်နေပါက ၅ ရက်မှ ၇ ရက်ခြားတစ်ကြိမ် ဖြန်းပေးရပါမယ်။ အပင်ပုမျိုးဖြစ်သော်လည်း ခရမ်းချဉ်သီးများ လေးလံလာပါက မြေကြီးနှင့်ထိပြီး အသီးပုပ်ခြင်းနှင့် မှိုရောဂါကျရောက်ခြင်းတို့မှ ကာကွယ်ရန် တိုင်ထောင်ပေးခြင်း သို့မဟုတ် အတန်းတန်းပေးခြင်းကို မဖြစ်မနေ ပြုလုပ်ပေးသင့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ

ဖြေကြားချက် 2 ခု

ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ

ဖြေကြားချက် 5 ခု

ဆရာ Lora 909 ခရမ်းချဥ်မျိုးက အလုံးသေးတယ်လားဆရာ ကျွန်တော့်အခင်းအလုံးသေးနေလို့ဗျ 15 ပတ်လည်တစ်ခါကျွေးထားတယ်ဗျ. အ...

ဖြေကြားချက် 2 ခု

ဆရာခရမ်းချဥ်နဲ့ခရမ်းခေါင်းအတွက် မနက်ဖြန် မှိုဆေးဖျန်းချင်လို့ မန်ကိုဇက်နဲ့ဖော်ယူနဲ့တွဲလို့ရလား အရင် ၆ ရက်ကမှ...

ဖြေကြားချက် 3 ခု

မင်္ဂလာပါ ဆရာတို့ဗျာ ကျနော် ခရမ်းချဉ်စိုက်တောင်သူတယောက်ပါ ကျနော် သိချင်တာက ခရမ်းချဉ်မျိုးစေ့စပ်မျိုးမဝယ်ပဲ အ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။