အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
U Yan
U Yan 10,049
လွန်ခဲ့သော ၁ လ က · ချောက်

ဆရာ မန်ကိုဇက်နဲ့ အမိုင်နိုအက်စစ် အဲ့ဆေးနှစ်မျိုးတွဲ ဖျန်းလို့ရလားဆရာ

ပိုးမွှားရောဂါ ခရမ်းချဉ်

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 353,563 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

မန်ကိုဇက် (Mancozeb) မှိုသတ်ဆေးနှင့် အမိုင်နိုအက်စစ် (Amino Acid) အပင်အားဆေးတို့ကို တစ်ပြိုင်နက်တည်း ရောစပ်ဖျန်းပေး၍ ရနိုင်ပါတယ်၊ ၎င်းတို့နှစ်မျိုးသည် ဓာတုဗေဒသဘောအရ ဓာတ်မတည့်ခြင်းမရှိဘဲ ရောဂါကာကွယ်ခြင်းနှင့် အပင်အာဟာရဖြည့်တင်းခြင်းတို့ကို တစ်ပြိုင်နက် ဆောင်ရွက်ပေးနိုင်ပါတယ်။ သို့သော် ရောစပ်ရာတွင် ဆေးခဲခြင်းမှ ကာကွယ်ရန် ပထမဦးစွာ ရေထဲသို့ အမှုန့်ပုံစံရှိသော မန်ကိုဇက်ကို အရည်ပျော်အောင် အရင်ဖျော်ပြီးမှ အမိုင်နိုအက်စစ်အရည်ကို နောက်မှထည့်၍ သမအောင် မွှေပေးရပါမည်။ ထို့ပြင် စိုက်ခင်းအတွင်း မှိုရောဂါ အလွန်အမင်း ပြင်းထန်စွာ ကျရောက်နေချိန်မျိုးတွင် အမိုင်နိုအက်စစ်က ရောဂါပိုးကိုပါ ပိုမိုပွားများစေနိုင်သဖြင့် အတူတူတွဲဖက်ဖျန်းခြင်းကို ရှောင်ကြဉ်သင့်ပြီး၊ ရောဂါမကျရောက်မီ ကြိုတင်ကာကွယ်ချိန် တွင်သာ တွဲဖက်အသုံးပြုသင့်ပါတယ်။ ဆေးဖျော်ပြီးပါကလည်း အာနိသင်မလျော့ကျစေရန် နာရီဝက်အတွင်း ချက်ချင်း ကုန်အောင် ဖျန်းပေးရပါမည်။သီးသန့်ဖျန်းပေးမယ်ဆိုရင်တော့ပိုကောင်းပါတယ်၊

U Yan
U Yan 10,049 လွန်ခဲ့သော ၁ လ က

ဟုတ်ဆရာကျေးဇူးတငိပါတယ်ခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ

ဖြေကြားချက် 5 ခု

ဆရာ Lora 909 ခရမ်းချဥ်မျိုးက အလုံးသေးတယ်လားဆရာ ကျွန်တော့်အခင်းအလုံးသေးနေလို့ဗျ 15 ပတ်လည်တစ်ခါကျွေးထားတယ်ဗျ. အ...

ဖြေကြားချက် 2 ခု

ခရမ်းချဥ်အတွက်မြေခံမှာတီစူပါနဲ့DAPဘယ်ဟာထည့်ရင်ကောင်းလဲDAPထည့်ရင်Nဓာတ်ကအပင်မစားသုံးနိုင်ခင်မှာဆုံးရှုံးသွားမှာ...

ဖြေကြားချက် 2 ခု

ဆရာခရမ်းချဥ်အတွက် ပိူတက်သီးသန့်မရလို့ ဝိစာရရဲ့ 15 ပတ်လည်ကွန်ပေါင်းပဲကျွေးခဲ့ပါတယ်ဆရာအဆင်ပြေရဲ့လားဆရာ အတာပီးဘယ်...

ဖြေကြားချက် 1 ခု

ဆရာခရမ်းချဥ်နဲ့ခရမ်းခေါင်းအတွက် မနက်ဖြန် မှိုဆေးဖျန်းချင်လို့ မန်ကိုဇက်နဲ့ဖော်ယူနဲ့တွဲလို့ရလား အရင် ၆ ရက်ကမှ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။