အရွက်တွေ ဒီလိုဖြစ်နေတယ်ဗျ။ဘာရောဂါလဲ။ #ခရမ်း🍆
ပုံပါ ခရမ်းသီးပင်များတွင် အရွက်များ အဝါရောင်ပြောင်းကာ အပေါ်သို့ လိပ်တက်နေခြင်းမှာ အပင်ရည်စုတ်ယူစားသောက်သည့် စုတ်စားပိုး (Thrips)၊ မွှားပင့်ကူ (Mites) များ ကျရောက်ခြင်း သို့မဟုတ် ၎င်းပိုးမွှားများမှတစ်ဆင့် ရွက်လိပ်ဗိုင်းရပ်စ်ရောဂါ (Leaf Curl Virus) ကူးစက်ခံရခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် အီမာမက်တင် ဘင်ဇိုအိတ် သို့မဟုတ် အင်မီဒါကလိုပရစ် ပါဝင်သော ပိုးသတ်ဆေးကို အရွက်နောက်ကျောပါနှံ့အောင် ပက်ဖျန်းပေးရပါမည်။ ထို့ပြင် အပင်ကိုယ်ခံအားပြန်တက်လာစေရန် အနည်းလိုအဟာရအားဆေး ကို ဖြည့်စွက်ကျွေးရမည်ဖြစ်ပြီး၊ ရောဂါအလွန်ပြင်းထန်နေသော အပင်များကိုမူ နှုတ်ယူမီးရှို့ဖျက်ဆီးပစ်ရန် လိုအပ်ပါသည်။
အနီးအနားမှာ၊ပေါင်းသတ်ဆေးဖျန်းမိသလား(ဆေးေငွ့ရိုက်တာနဲ့တူပါတယ်)။ သို့မဟုတ် အရင်ဖျန်းထားတဲ့ဆေး ပမာဏ များတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာမှမဖျန်းရသေးဘူးဆိုရင်တော့ ဘက်တီးရီးယားရောဂါဖြစ်နိုင်ပါတယ်။ ဆေးလောင်တာဆိုရင်တော့ အပ်၊(upအားဆေး)၅၀စီစီနုန်းဖျန်းပါ။ ဘက်တီးရီးယား ဆိုရင် Bismerthiazol (ဖာတီဇို)၆၀ဂရမ်နုန်းဖျန်းပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပုံပါ အရွက်သီးသန့်ရိုက်ထားတဲ့ပုံမှာပိုးကောင်လေးတွေတော့ တွေ့တယ် အပင်တချို့မှာ အရွက်ပေါ် အဝိုင်းကွက်လေးတွေခြောက်...
ဖြေကြားချက် 4 ခု
ဆရာကြည့်ပေးပါအူးဗျ ခရမ်းခေါင်းက 1 ရက်နေ့က စပျိုးထားတာပါ ခရမ်းချဥ်က 6 ရက်နေ့ပျိုးတာပါ ဘယ်နှစ်ရက်သားတေဆိုမြေချ...
ဖြေကြားချက် 5 ခု
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
ဖြေကြားချက် 2 ခု
ခရမ်းတခင်းလုံး အရွက်ဝါကြားဖြစ်နေလို့ပါ ဘာရောဂါကျတာလဲဗျ ဖျန်းရမယ့်ဆေးလေး ညွှန်းပေးပါအုံး လေးပုံမြောက်ကအရွက်တွေ...
ဖြေကြားချက် 3 ခု
စိုက်ပျိူးရေး တစ်ခု လုပ်ဆောင်တော့မယ်ဆိုရင် အဓိက အခြေခံ လိုအပ်ချက် ဖြစ်တဲ့ မြေကြီးပြူပြင်နည်းတို့ ပြီးတော့...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။