အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Aung Aung
Aung Aung 816
လွန်ခဲ့သော ၃ လ က · ရမည်းသင်း

ပုံပါ အရွက်သီးသန့်ရိုက်ထားတဲ့ပုံမှာပိုးကောင်လေးတွေတော့ တွေ့တယ် အပင်တချို့မှာ အရွက်ပေါ် အဝိုင်းကွက်လေးတွေခြောက်နေသလိုမျိုးရယ် အပေါက်တချို့ရယ်ပဲ တွေ့ပါတယ် ဘာရောဂါကျတာလဲဗျ ဖျန်းရမယ့်ဆေးလည်း ညွှန်ပေးပါအုံး ပုံမှာလက်ရှိအပင်အရွယ်ပါ ရိုက်ပြထားပါတယ် ဆက်လက်ပိုမိုမြန်ဆန်ကြီးထွားလာအောင် ဘယ်လိုတွေလုပ်ဆောင်ရမလဲဗျ

ပိုးမွှားရောဂါ ခရမ်းသီး
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 353,155 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ခရမ်းရွက်တွင် ဖြစ်ပွားနေသော ရောဂါသည် မိုးများပြီး စိုထိုင်းဆမြင့်မားချိန်တွင် ကျရောက်တတ်သည့် အော်တာနေးရီးယား ရွက်ခြောက်ရောဂါ (Alternaria Leaf Spot) ဖြစ်ပါသည်။ အရွက်ပေါ်တွင် အဝိုင်းရစ်ကွက်များ ဖြစ်ပေါ်ကာ ရွက်ဝါခြောက်ပြီး ကြွေကျပျက်စီးစေတတ်ပါသည်။ ၎င်းကို ကာကွယ်ရန် ရောဂါရအရွက်များကို ဆွတ်ခူးမီးရှို့ဖျက်ဆီးပါ၊ လေဝင်လေထွက်ကောင်းအောင် ရှင်းလင်းပေးပါ။ကာကွယ် ကုသရန်အတွက် မန်ကိုဇက် (Mancozeb) ကဲ့သို့ ထိသေဆေး သို့မဟုတ် ဒိုင်ဖီနိုကိုနာဇိုးလ် (Difenoconazole) ပါဝင်သော ပင်လုံးပြန့်မှိုသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း စနစ်တကျ ပက်ဖျန်းပေးရပါမည်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,614 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

မိုးများလို့ အော်တာနေရီးယားရွက်ပြောက်ရောဂါဝင်တဲ့လက္ခဏာပါ။ မှိုသတ်ဆေး တကြိမ်ဖျန်းပေးပါ။ မိုးစိုချိန် မြေဆီကျွေးပေးပါ။အဆင်ပြေပါတယ်။

DawNiNi
DawNiNi 384 လွန်ခဲ့သော ၃ လ က
DawNiNi
DawNiNi 384 လွန်ခဲ့သော ၃ လ က

BAG company ဖာတီပက် ဆေးနဲ့ တမာဆေးသုံးတာ အဆင်‌ေြပတယ်

You

ဆက်စပ်မေးခွန်းများ

ဆရာကြည့်ပေးပါအူးဗျ ခရမ်းခေါင်းက 1 ရက်နေ့က စပျိုးထားတာပါ ခရမ်းချဥ်က 6 ရက်နေ့ပျိုးတာပါ ဘယ်နှစ်ရက်သားတေဆိုမြေချ...

ဖြေကြားချက် 5 ခု

ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။

ဖြေကြားချက် 2 ခု

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲ...

ဖြေကြားချက် 2 ခု

အရွက်တွေ ဒီလိုဖြစ်နေတယ်ဗျ။ဘာရောဂါလဲ။ #ခရမ်း🍆

ဖြေကြားချက် 2 ခု

ခရမ်းတခင်းလုံး အရွက်ဝါကြားဖြစ်နေလို့ပါ ဘာရောဂါကျတာလဲဗျ ဖျန်းရမယ့်ဆေးလေး ညွှန်းပေးပါအုံး လေးပုံမြောက်ကအရွက်​တွေ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။