ဖြေကြားချက် ၃ ခု
မြေပဲစိုက်ပျိုးရာတွင် ပန်းပွင့်အားကောင်းပြီး ဥအထွက်နှုန်းတိုးစေရန် အပင်သက်တမ်းအလိုက် စနစ်တကျ ပြုစုရပါမယ်။ ပန်းပွင့်ခါစအချိန်တွင် အပေါ်ယံမြေဆွပေးခြင်းနှင့် အပင်ခြေကို မြေဖို့/ဘောင်တင်ပေးခြင်းတို့သည် မြေပဲများ မြေကြီးထဲသို့ လွယ်ကူစွာ ထိုးဝင်နိုင်ရန် ကူညီပေးပြီး ဥအရေအတွက်ကို သိသိသာသာ များပြားလာစေသည်။ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝသည့် ဂျစ်ပဆမ် (Gypsum) ကို အပင်ခြေတွင် ထည့်ပေးခြင်းဖြင့် ဥခွံမာပြီး အဖျင်းနည်းစေကာ ဥကို ပိုမိုကြီးထွားစေပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပုလဲအနည်းငယ်နဲ့လက်ချားအမှုန့်နဲ့ငါးအမိုင်နိုရောစပ်ပြီးပတ်ရင်မြေပဲပင်အတွက်ကောင်းလားဆရာတို့
ဖြေကြားချက် 1 ခု
မြေပဲခင်းကိုငါအမိုင်နိုနဲ့လက်ချားရွက်ဖျန်းရောပတ်လို့ရလား
ဖြေကြားချက် 5 ခု
အခုလိုမျုိးရောဂါကို မြန်မြန်ပျောက်အောင်ဘယ်လိုလုပ်ရမလဲဗျာ တခင်းလုံး ကူးနေလို့ပါ ကူညီကြပါအုံးဗျာ
ဖြေကြားချက် 4 ခု
မြေပဲဥစွယ်ချနေပြီ အပင်ကမတက်ဘူဘယ်လိုလုပ်ရမလဲဗျ
ဖြေကြားချက် 3 ခု
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ...
ဖြေကြားချက် 6 ခု