အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,031
လွန်ခဲ့သော ၁ နှစ် က · ရေစကြို

ဆင်းသုခ 15ရက်သားပါ စပါးပင်ထိပ်လေးတွေကအဲ့လိုဖြစ်နေလို့ပါ အရင်နေ့ကတော့ ဩဘာကထုတ်တဲ့မြေကောင်းဆေးပုံဆောင်ခဲ ကြဲထား...

ဆင်းသုခ 15ရက်သားပါ စပါးပင်ထိပ်လေးတွေကအဲ့လိုဖြစ်နေလို့ပါ အရင်နေ့ကတော့ ဩဘာကထုတ်တဲ့မြေကောင်းဆေးပုံဆောင်ခဲ ကြဲထားပါတယ် မရင်နှစ်တွေက စပါးနည်းနည်းနာချင်လို့ ဒီနှစ်ကို ပုလဲတစ်မျိုးထဲမဟုတ်ပဲ ဘာနဲ့ရောပတ်သင့်လဲဗျ မနှစ်ကတော့ ပုလဲ46%နဲ့ N21%S21%နှစ်မျိုးကိုရောပတ်တယ်ဗျ မြေကိုကြည့်တော့မြေကရေညှိုသန်းချင်နေတော့ S21%နဲ့အဆင်မပြေဘူးထင်လို့ပါ (ammonium sulphate Fertilizer က မြေကိုချဉ်စေတယ်လို့ ဖတ်ဖူးလို့ပါ) ဖြေပေးကြပါအူံးဆရာတို့

Post image
Post image
Post image
Post image
Post image
2

ဖြေကြားချက် ၂ ခု

348,957 လွန်ခဲ့သော ၁ နှစ် က

ပုလဲ၄၆%ကို ရောစပ်ပက်ကျွေးချင်ရင် နွားချေးနဲ့ရောနှပ်တစ်ညသိပ်ပြီးကျွေးရင်အထိရောက်ဆုံးပါဗျ။ အလွယ်နည်းပြောရရင်တော့ ပုလဲ၄၆%ကိုရောကျွေးမယ်ဆိုလည်း N21,S21လိုမြေဩဇာနှင့်မရောဘဲ P,Kအချိုးများများ‌ပါသော ကွန်ပေါင်းမြေဩဇာ‌နှင့်ရောကျွေးသင့်ပါတယ်ဗျ။ ရေညှိဖြစ်တဲ့လက္ခဏာသည်မြေချဉ်ခြင်းကြောင့်ဖြစ်နိုင်ပါတယ် သီးနှံနားချိန်မှာ မစိုက်ခင်၁လကြိုပြီး ထုံးထည့်မြေပြင်သင့်ပါတယ်။ မြေချဉ်မှုသက်သာစေရန်ပုလဲမြေဩဇာလျှော့သုံးပြီး P,Kအချိုးများမြေဆီသုံးပေးပါဗျ။

348,957 လွန်ခဲ့သော ၁ နှစ် က

စပါးရွက်လိပ်ရွက်ခေါက်ပိုးကျတာပါဗျ ၁) စပါးပင်ဦးရေ မထူထပ်စေရန် ဂရုစိုက်ပါ။ တိုက်ရိုက် စိုက်ခင်း တွင် ပြဿနာပိုရှိနိုင်သည်။ (၂) ရေကို ၂ရက်မှ ၃ရက်ခန့်ထိ ထုတ်ပစ်ပါက အကောင်ငယ် များ အောက်ဆီဂျင်ပြတ်၍ သေစေပါသည်။ (၃) ရေသွင်းပြီး ကင်းထောက်ခြင်းလုပ်ငန်းကို ဂရုစိုက်ပါ။ (၄) လယ်ကွက်သည် အရိပ်ရပြီး ဗွက်အိုင်ထူသော ပတ်ဝန်း ကျင် ရှိပါက ပွားများမှုမြန်သည်။ (၅) လိပ်နေသော အရွက်များထံသို့ ၎င်းရွက်လိပ်များ မလုပ် ခင် ချည်မျှင်နှင့်မတွယ်မီ ပိုးသတ်ဆေးရောက်ရှိရန်အတွက်၊ စနစ်ကျစွာ ဖျန်းရန်လိုအပ်ပါသည်။ (၆) အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ အိတ်ပေါ်ပါ အညွှန်းအတိုင်းပက်ဖျန်းပါ။ Chlorantraniliprole,Flubendiamide,Emamectinbenzoate,Spinosad, Indoxacarb, Lambda cyhalotharin

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။