freddy
တောင်သူ · ရေစကြို
စပါးခွံကိုအပုံသေးလေးတွေပုံ ပြီးလိုက်ဖြန်းရမှာလားဗျ အီးအမ်နဲ့ထရိုင်ကိုဒါးမားကို ဘယ်နှုံးထားသုံးရမလဲဗျ တစ်ဧကကို စပါးခွံ ဘယ်နှတင်းလောက် ထည့်သင့်လဲဗျ
နောက်တစ်ပတ်ဆို မတ်ပဲရိတ်ပါပြီ ကျွန်တော်တို့ဘက်က7လပိုင်းဆန်းလောက်ဆိုမြစ်ရေစဝင်ပါတယ် မိုးစပါးကိုမြစ်ရေအကျ8လပိုင်းလောက်စိုက်ပါတယ် မေးချင်တာက နွေထယ်ရေးမကိုင်မီ စပါးခွံချပြီးမှထယ်ထိုးချင်တာ စပါးခွံကတစ်လနှစ်လလောက်နဲံဆွေးနိုင်လားဗျ စပါးခွံချပြီးထယ်ထိုးတာနဲံစပါးခွံကိုမီးရှို့ပြီးမှထယ်ထိုးတာနဲံဘယ်ဟာကောင်းလဲဗျ
ဖြေပေးကြပါအုံးဆရာတို့
မတ်ပဲအသီးအပွင့်အားဆေးအတွက် ဒီဆေးအဆင်ပြေနိုင်မလားဗျ
emamectin+lambda cyhalothrinအတွဲ ပိုးဆေးနဲ့တွဲဖြန်းလို့ရမယ့်မှိုဆေးaiလေးသိချင်ပါတယ်ဆရာ
မတ်ပဲ45ရက်သားပါ ရေတင်ထားတာ လေးရက်ရှိပါပြီ အပွင့်လေးတွေတော့စလိုက်နေပါပြီ မတ်ပဲက ပွင့်ရင်းအပင်ကြီးထွားလားဗျ အပင်နည်းနည်းပုသလားလို့ဗျ ပူံပါအတိုင်းထန်းပင်ရိပ်နေရာမှာ အရွက်ပေါ်မှာ မှိုလေးတွေလည်းတွေ့ပါတယ်နောက်ရက်ဆေးဖြန်းချင်တာ အပင်အားဆေး+သီးပွင့်အားဆေး+ပိုးဆေး ဖြန်းပြီးမှ မှိုဆေးဖြန်းရမလား မှိုဆေးပဲအရင်ဖြန်းရမလားဗျ ရေဖြန်းပြီး ရာသီဥတုကအုံအိုက်အိုက်ဖြစ်နေတယ်ဗျ ပိုးသတ်ဆေးနဲ့မှိုဆေးအေအိုင်လေးညွှန်ပေးပါဆရာသမားတို့ခဗျ
မှိုဆေးပိုးဆေးအားဆေးကို တစ်ပြန်ဆီခွဲလိုက်ရမှာလားဗျ တစ်ပြန်နဲ့တစ်ပြန်ဘယ်နှရက်ခွာလိုက်ရမလဲဗျ နောက်ပြီး အပင်အားဆေးနဲ့အသီးပွင့်ဆေးပေါင်းပြီးလိုက်ရမလားဗျ အပင်အားဆေးလိုသေးလားဗျ
မတ်ပဲ45ရက်သားပါ ရေတင်ထားတာ လေးရက်ရှိပါပြီ အပွင့်လေးတွေတော့စလိုက်နေပါပြီ မတ်ပဲက ပွင့်ရင်းအပင်ကြီးထွားလားဗျ အပင်နည်းနည်းပုသလားလို့ဗျ ပူံပါအတိုင်းထန်းပင်ရိပ်နေရာမှာ အရွက်ပေါ်မှာ မှိုလေးတွေလည်းတွေ့ပါတယ်နောက်ရက်ဆေးဖြန်းချင်တာ အပင်အားဆေး+သီးပွင့်အားဆေး+ပိုးဆေး ဖြန်းပြီးမှ မှိုဆေးဖြန်းရမလား မှိုဆေးပဲအရင်ဖြန်းရမလားဗျ ရေဖြန်းပြီး ရာသီဥတုကအုံအိုက်အိုက်ဖြစ်နေတယ်ဗျ ပိုးသတ်ဆေးနဲ့မှိုဆေးအေအိုင်လေးညွှန်ပေးပါဆရာသမားတို့ခဗျ
ဟုတ်ဆရာ တကယ်လို့ acetamepridဆိုင်မှာ မရရင် ငားအမှိုင်နိုကိုဘာနဲ့တဲဲဖန်းလို့ရသေးလဲဗျ ငါးအမိုင်နို ကအထက်ပါaiတစ်ခုနဲ့ပဲတွဲသုံးရတာလားဗျ အခြားပိုးသတ်ဆေးနဲ့တွဲသုံးရသေးလားဗျ just for knowledge
ကုလားပဲပင် တစ်လသား အပင်အညီဘဲ ထွားတဲ့အပင်ကထွားပြီး ပုတဲ့အပင်ကပုနေလို့ ငါးအမိုင်နိုဖြန်းရလားဗျ ပေါက်ဖက်လေးတွေလဲတွေ့လို့ဗျ လွန်ခဲ့တဲ့ငါးရက်ကတော့ ရက္ခပိုးဆေးဖြန်းထားတယ်ဗျ အခုကပိုးကအကုန်မသေးဘဲကျန်နေလို့ ငါးအမှိုင်နိုနဲ့ဘယ်ပိုးသတ်ဆေးaiနဲတွဲဖြန်းလို့ရမလဲဗျ ဖြေပေးကြပါအုံးဆရာတို့
ပုံကမရိုက်လိုက်ထားရလို့ဗျ ဒီနှစ်ကမစိုက်ရသေးပါဘူးဆရာ အမျိုးအစာက 929(ရသေ့နီ)မျိုးပါဆရာ အပင်ပုံစံက ဘယ်လိုလဲဆိုင် အပင်အရပ်မတက်ဘူး ကိုင်းပွားနည်းမယ် အရွက်ပုံစံက ခြောက်တောက်တောက်ပုံစံဖြစ်တာဗျ
ကုလားပဲ အပင်မဖြစ်ထွန်းဘဲ ကြက်တောင်ပံကဲ့သို့ ပုတိုဖြစ်နေရသည့်အကြောင်းအရင်းသိပါရစေ
နေရာဒေသက မကွေးတိုင်း ရေစကြိုနယ်ကပါ
1.ဆောင်းရာသီအတွက် ဘယ်လိုမတ်ပဲအမျိုးအစားကအသင့်တော်ဆုံးဖြစ်မလဲဗျ 2.မနှစ်က နွေစိုက်ပြီးထွက်တဲ့မတ်ပဲကို စပါးပြီးဆောင်းတွင်း 12လပိုင်းကုန်လောက်ကြဲတာ 2.30ဧကကို ရှစ်တင်းပဲထွက်တယ်ဗျ ပဲအမျိုးအစားတော့သေချာမသိပါဘူးဗျ ဆောင်းချိန်စိုက်တော့ အပင်က တစ်ထွာလောက်လေးတွေပဲရှိပြီးအပင်မတက်တာဗျ ဖြစ်ရတဲ့အကြောင်းအရင်းလေးသိချင်ပါတယ် ဆရာတို့. 3.အခုနှစ် စပါးစိုက်မထားပါဘူး 12လပိုင်းလောက်စိုက်ဖို့ စဥ်းစားထားပါတယ် မြေရေဝင်ဒေသဖြစ်လို့ ဒီနှစ် နွေထယ်ရေးမကိုင်လိုက်ရပါဘူး အကယ်လို့စိုက်မယ်ဆိုရင် မြေကိုဘယ်လိုပြန်ပြင်ပြီး ဘယ်အမျိုးအစားကိုစိုက်သင့်လဲဗျ တစ်ဧက ဘယ်နှပြည်နှုန်းကြဲပတ်သင့်သလဲဗျ