အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
wyine tone
wyine tone 134
လွန်ခဲ့သော ၃ နှစ် က · ဝေါ

ပဲတီစိမ်း ခုတ်ဖုံး စနစ်အကြောင်းလေး ပြည့်ပြည့် စုံစုံ လေ့လာချင်ပါတယ် ဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ခေတ်သစ်စိုက်ပျိုးရေး ပဲတီစိမ်း ပဲတီစိမ်းစိုက်ချိန်
4

ဖြေကြားချက် ၄ ခု

စိုးလွင်ဦး
စိုးလွင်ဦး 15,276 လွန်ခဲ့သော ၂ နှစ် က
Sai zin lin
Sai zin lin 2,745 လွန်ခဲ့သော ၃ နှစ် က

ခုတ်ဖုံးစနစ်က ထွန်ခင်းလုပ်လို့မရတဲ့ မြေစေး မြေကြမ်းကွင်းတွေမှာ စခဲ့တာပါခင်ဗျာ

wyine tone
wyine tone 134 လွန်ခဲ့သော ၃ နှစ် က

ဆရာ ဆက်သွယ်ချင်ပါတယ် ဘလိုဆက်သွယ်ရမလဲ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က

။ ခုတ်ဖုံးပဲတီစိမ်းကတော့ စပါးရိတ်ပြီး မြေအစိုဓာတ်ရှိနေချိန်မှာ မျိုးစေ့ပဲကို ရိုးပြတ်ထဲမှာ ပေါက်ကြဲကြဲခြင်း ဖြစ်ပါတယ်။ ပြီးရင် ရိုးပြတ်တွေကို ဓားနဲ့ခုတ်ပြီး ပဲစေ့ပေါ်မှာ ဖုံးပေးတာဖြစ်တဲ့အတွက် ခုတ်ဖုံးပဲလို့ခေါ်တာ ဖြစ်ပါတယ်။ရေလိုက်ပဲနဲ့ ခုတ်ဖုံးပဲဟာ မြေယာပြုပြင်စရာမလိုဘဲ ထယ်ရေးမဲ့စနစ်ဖြစ်တဲ့အတွက် ကုန်ကျစရိတ်သက်သာပြီး ပဲထွက်လည်းကောင်းတာ တွေ့ရပါတယ်။ ဒါပေမယ့် အစိုဓာတ်မိဖို့အတွက် စိုက်ချိန်မှန်အောင် အထူးဂရုပြုဖို့ လိုပါတယ်။   ✅ရေလိုက်နဲ့ ခုတ်ဖုံးပဲ စိုက်ပျိုးမယ်ဆိုရင် သဲဆန်လွန်းတဲ့မြေ၊ အစိုဓာတ်မထိန်းနိုင်တဲ့ မြေတွေမှာ မစိုက်ပျိုးသင့်ပါ။ ကိုင်းကျွန်းမြေတွေမှာမူ မိုးရာသီ ရေလွှမ်းနုန်းပို့ပြီး ရေပြန်ကျသွားတဲ့အခါ ကိုင်း၊ ကျွန်း ပဲတီစိမ်းအဖြစ်စိုက်ပျိုးကြပါတယ်။ သီးထပ်ပဲတီစိမ်းမဟုတ်ပါ။ ရေလိုက်ပဲတီစိမ်းနဲ့ ခုတ်ဖုံးပဲတီစိမ်း စိုက်ပျိုးမယ်ဆိုရင် စပါးအောင်ရေလွှတ်ချိန်မှာ တီစူပါမြေဩဇာ အိတ်ဝက်ကို စပါးခင်းမှာ ပဲအတွက် ကြိုတင်ပက်ကြဲထားဖို့လိုပါတယ်။ မျိုးစေ့နှုန်းကို ၁၀-၁၂ ပြည်လောက် အသုံးပြုဖို့ လိုအပ်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။