အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
tun aung
tun aung 234
လွန်ခဲ့သော ၃ နှစ် က · လပွတ္တာ

ဒီဇင်ဘာလထဲ ပဲတီစိမ်းစိုက်ရင် ရနိင်ပါမလား ဆရာကြီတို့ ပြောပေးပါအုန်း

စိုက်ပျိုးနည်း မြေပဲ ပဲတီစိမ်းစိုက်ချိန်

ဖြေကြားချက် ၅ ခု

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၃ နှစ် က

လပွတ္တာတွင် ရပါတယ် အညာဒေသဆိုလျင် မရပါဘူး

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,591 လွန်ခဲ့သော ၃ နှစ် က

ဟုတ်တယ်.​မြေခံ၊​ရေခံ ရာသီဥတု ကွာနိုင်ပါတယ်။ ရန်ကုန်တိုင်းလို ​ဆောင်းမှာ သိပ်မ​အေးတဲ့​ဒေသ၊​အောက်ဓါတ် ထိန်းနိုင်တဲ့​မြေ​တွေမှာ စိုက်လို့ရနိုင်​ပေမယ့်.. အထက်အညာလို ​ပူရင် အရမ်းပူ၊​အေးရင်အရမ်း​အေးပြီး ဇန္နဝါရီ လကုန်တာနဲ့ အစိုဓါတ်က ဆုတ်​နေပါပြီ။ တသမတ်တည်း မရှိတဲ့သ​ဘောကို​ပြောပြတာပါ။

ကျော်ဌေး
ကျော်ဌေး 2,794 လွန်ခဲ့သော ၃ နှစ် က

ခရမ်းသုံးခွဘက်မှာတော့ပဲတီစိမ်းအဒီအချိန်စိုက်တာဘဲတော်တော်ရကြတယ်ဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,591 လွန်ခဲ့သော ၃ နှစ် က

ဒီဇင်ဘာလ က အရမ်း​အေးတဲ့လဖြစ်​တော့.. အပင်ဖြစ်ထွန်းမှု​နှေးတတ်ပါတယ်။

မောင်အောင်မျိုးမင်းသိန်း
မောင်အောင်မျိုးမင်းသိန်း 1,398 လွန်ခဲ့သော ၃ နှစ် က

အာ့လို့ဆို အကိုမြေရဲ့ PHD ဘယ်လောက်ထိရှိမလဲ သိမှ ဖြေရတာ ပိုအဆင်ပြေမယ် အကိုပြောတဲ့အချိန်က ကျွန်တော်တို့ပဲခူးတိုင်း ခူးစွှတ်ရိတ်သိမ်းချိန်ပဲ ဆရာလုပ်ခြင်းမပါဘူး အသိပညာဖလှယ်ယုံပါ သီးနှံထွက်တိုးပါစေ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။