အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
116
လွန်ခဲ့သော ၃ နှစ် က · နွားထိုးကြီး

မိုးခေါင်ရေရှား ဒေသတွေမှာ တွင်းရေနဲ့ မြေမပြတ်စီးအောင် စိုက်ပျိုးနည်း ကိုသိချင်ပါတယ် စိုက်ပျိုးရေ စမ်သက်နည်း အ...

မိုးခေါင်ရေရှား ဒေသတွေမှာ တွင်းရေနဲ့ မြေမပြတ်စီးအောင် စိုက်ပျိုးနည်း ကိုသိချင်ပါတယ် စိုက်ပျိုးရေ စမ်သက်နည်း အလေလွင့်နည်းအောင် အသုံးပြုနည်းနှင့် ထိန်းသိမ်းနည်း နဲ့ တွင်းရေနဲ့ မြေပြတ်စီးအောင် ဘယ်လိုစိုက်ပျိုးရမလဲ အပူပိုင်းမိုးခေါင်ရေရှားဒေသ နဲ့ သင့်တော်ပြီး အမြတ်ကျန်နိုင်တဲ့ စိုက်ပျိုးသင့်တဲ့ သီးနှံတွေနဲ့ စိုက်ပျိုးနည်းစနစ် အပြည့်စုံကိုသိချင်ပါတယ်ခင်ဗျာ ဒို့ဦးလေး ကြီးအပါဝင် ပညာရှင်များဖြေကြားပေးပါအုံးခင်ဗျာ အများလိုအပ်နေလို့ပါ မိုးကိုမှီခိုပြီး လုပ်ကိုင်နေရတာ သီးနှံအောင်မြင်ပြီးအကျိုးမြတ်ရဖို့ မသေချာတာကြောင့်ပါ ဓာတ်ပုံကရှိတာထဲ့ပေးလိုက်ရတာပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် အမြစ်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
စိုက်ပျိုး ရေ မြေပဲ
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

မေးခွန်းရှည်ကြီး နဲ့၊အားကိုးတကြီး​မေးလာတဲ့ တူ​မောင် ​kyaw lwinရဲ့ ​မေးခွန်းကို ဦး​လေး .လက်လှမ်းမီသ​လောက်​ဖြေကြား​ပေးပါ့မယ်​နော်။ ဦး​လေးလည်း အညာသား၊​တောင်သူသားဆို​တော့.မိုးနည်း​ရေရှား​ဒေသရဲ့ စိုက်ပျိုး​ရေ အခက်အခဲကို သ​ဘော​ပေါက်ပါတယ်။ တူ​မောင်​ပြောသလို အညာမှာ ​မြေ​အောက်​ရေတွင်းကတဆင့် ​ရေစုပ်စက်နဲ့​ရေတင်စိုက်ရင်၊​မြေကြီး​တွေ ဆား​ပွေးတက်ပြီး ပျက်တတ်ပါတယ်။ ​ရေရဲ့အရည်အ​သွေးကို စမ်းသပ်နည်း.​မေးထား​တော့.ဦး​လေးတို့နိုင်ငံမှာ ​ရေအရည်အ​သွေးကိုတိတိကျကျ စမ်းသပ်​ပေးတဲ့ ကိရိယာ ရှား​နေပါ​သေးတယ်။ (​တောင်သူ လက်လှမ်းမမီဘူး​ပေါ့ကွယ်) ground water tester အတွက် parameter​တွေရှိ​နေပါတယ်။ ​ရေရဲ့pH,ပါဝင်တဲ့ သတ္တုဓါတ်တမျိုးချင်းကို ​ဖော်ပြ​ပေးတယ်၊ဆိုဒီယံ​တွေ၊သံဓါတ်​တွေ၊စတဲ့ လူနဲ့ အပင်​တွေအတွက် အဆိပ်သင့်​စေတဲ့ သတ္တုဓါတ်​တွေ တိုင်းတာနိုင်တယ်။ သို့​ပေမယ့် တကယ့်လက်​တွေ့မှာ စမ်းသပ်ဖို့ မလွယ်ကူလို့ .​ရေ​စေးလား?၊.​ရေသွက်လား?.ဆိုတာ​လောက်ဘဲ စမ်းသပ်ပါ။ (ဆပ်ပြာ အမြှုပ်မထွက်ရင်.​ရေ​စေ:ဖြစ်ပြီး ဆပ်ပြာအမြှုပ်ထွက်ရင် ​ရေသွက်​ပေါ့။) ​ရေ​စေးဆိုရင် ​မြေပျက်လွယ်မယ်​ပေါ့။ ဂျစ်ဆန် လို၊​ကျောက်မှုန့်စစ်စစ်​တွေ များများထည့်​ပေးရပါတယ်။ မ​ကွေးတိုင်းထဲ မှာ၊ဂျစ်ဆန်(​ဂေါတန်​ကျောက်တူံး)ထွက်တဲ့​နေရာ​တွေ ​ပေါပါတယ်။ ကိုယ့်ဘာသာ စက်နဲ့ကြိတ်ရင် ​စျေးသက်သာပြီး ​ဖော​ဖောသုံးနိုင်တာ​ပေါ့။ အဲဒီ​ကျောက်မှုန့်နဲ့ ​နောက်​ချေး များများ ထည့်နိုင်လို့က​တော့ ​မြေပျက်တယ်ဆို မရှိနိုင်ပါဘူး​မောင်ရာ။ ​​ေနာက် ​မေးခွန်းတခုက..မိုး​ရေချိန်လက္မနည်းနည်းနဲ့ ဖြစ်ထွန်းနိုင်မယ့် သီးနှံ၊ အကျိုးအမြတ်လည်း ရ​စေမယ့်သီးနှံနဲ့ စိာက်နည်းစနစ်လည်း ​ပြောပြပေးပါဦးတဲ့..လား။ ဦး​လေးတို့အညာသား​တွေက၊အလုပ်​လောဘကြီးသကွဲ။ မိုးဦးလည်းစိုက်တယ်၊​နွေလည်းစိုက်တယ်။ ​ဆောင်းသီးနှံလည်း လက်မလွတ်ချင်ဘူး. တကယ်စိုက်​တော့လည်း..အကျိုးအမြတ်က မ​ရေရာပြန်ဘူး။အဲလိုဖြစ်​နေတယ်မို့လား.။ ဦး​လေးအကြံ​ပေးချင်တာက​တော့... လယ်သမား​တွေအတွက် မိုးဦးမှာ ​ကောက်​ခြောက်ကြဲမယ်။ ယာ၂/၄..စတဲ့.​အောင်​ရေ အတွက်မိုးတမိုး ​ကောင်း​ကောင်းရတာနဲ့ စပါး​အောင်တဲ့မျိုး​တွေကိုစိုက်ပါ။ (စား​ကောင်းတာ မ​ကောင်းတာ​ရွေးမ​နေနဲ့၊စပါးထွက်ဖို့အဓိကထားပါ) ယာသမား​တွေအ​နေနဲ့..မိုးရာသီမှာ၊နွား​ချေးချတာ၊ထွန်​ရေးပြင်တာ၊​မြေပြင်၊​ပေါင်းရှင်းတာ​လောက်ဘဲ လုပ်ပြီး၊ ​ဆောင်းတသီးကို အမိအရ ယူ​စေချင်ပါတယ်။ ပဲတမျိုးမျိုး(ကုလားပဲ၊​မြေပဲ၊ပဲတီစိမ်း.....)သို့မဟုတ် ​ဆောင်းနှမ်းကို စနစ်တကျ စိုက်ပါ။ အကျိုးရှိ​စေရပါမယ်။ စိုက်စနစ်ထက်..မျိုးနဲ့. စိုက်ချိန်အ​ရေးကြီးပါတယ်။ စမုံနက်မျိုးလည်းစိုက်လို့ရပါတယ်။ စိုက်ချိန်က သကြန်ကျပြီး ၁၄၆ရက်မှာ ရွာတဲ့ ကြယ်လွဲမိုး အပြီးစိူက်ရမှာပါ။ (​သောက်၊​ရေ၊အိုး---ကြယ်လွဲမိုး..တဲ့) ​ရှေးလူကြီး​တွေအဆိုအရ, ​ဖျောက်ဆိတ်ကြယ်လွဲ၊နှမ်းကြီးကြဲ...တဲ့။ အဲဒီရက်ကို အမိအရ နှမ်းကြဲပါ။ နှမ်းလည်း အထွက်ရ​စေသလို၊အကျိုးအမြတ်လည်း ရ​စေမှာပါ..လိူ့ တူ​တော်​မောင်ရဲ့အ​မေးကို၊အညာ​တောင်သူ​တွေအားလုံးအတွက် ​၊ဦး​လေး အ​တွေ့အကြုံအရ ​ဖြေကြား​ပေးလိုက်ပါတယ်ကွယ်။ အားလုံး ကျန်းမာချမ်းသာပြီး၊​ဘေးဘယာ ​ဝေးကွာ ကြပါ​စေ..

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်
116 လွန်ခဲ့သော ၃ နှစ် က

အခုလို မေးခွန်းရှည်ကြီးနဲ့ မေးတဲ့ကျွန်တော် ကိုပြည့်ပြည့်စုံစုံဖြေကြားတဲ့ ဦးလေးကြီးနဲ့ ဦးသိန်းစိုးမင်းတို့ကိုလည်း ကျွန်တော်က လဲ အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ မေးခွန်းရှည်ကြီးဖြစ်ရတာကတော့ တကယ်ကို လိုအပ်နေလို့ပါလို့ ဖြေကြားပါရစေ အခုလိုဖြေကြားပေးခြင်းကို ဝမ်းသာပီတိ ဖြစ်မိနေပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။