အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6,123
လွန်ခဲ့သော ၃ နှစ် က · သဲကုန်း

မြေပဲပင်အရွက်ညွှန့်တွေ ပိုးကျနေလို့ အပင်သက်တမ်း ၅၀ရက်ရှိပီ ပိုးသတ်ဆေးပတ်ဖို့လိုသေးလားဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၅၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
မြူဆိုင်း၍ နေသာ
ပိုးမွှားရောဂါ မြေပဲ ပိုးသတ်ဆေးအေအိုင်များ
Post image

ဖြေကြားချက် ၁၀ ခု

6,123 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က

ဆေးကအမှုံ့ဖြစ်၍မနှံ့လို့ဖြစ်ပါလိမ့်မယ်ရေဖျော်ဆေးရည်ဖြစ်ဖြစ်အမှုံ့ကိုသုံးပါ

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က

မြေပဲပင်မှာရွက်စားပိုးကျတာထိသေစားသေပိုးသတ်ဆေးဖျန်းဘို့လိုတယ်အပင်ငယ်သေးတယ်ရက်၉၀ သားဆိုမလိုတော့ပါအစေ့အောင်ဘို့အများကြီးလိုသေးတယ်

6,123 လွန်ခဲ့သော ၃ နှစ် က

ဖို့စ့် အဆင်သင့်ရှိတယ်ဆရာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

ai အရ​တော့..ဖို့စ် ​ကောင်းပါတယ်

842 လွန်ခဲ့သော ၃ နှစ် က

ဝိစာရက လိုင်းအောက်ဆိုရင် ပိုအဆင်ပြေမယ်ဗျ စျေးတော့ကြီးတယ်

6,123 လွန်ခဲ့သော ၃ နှစ် က

ဝယ်ထားပီးသားဆေးတွေ

6,123 လွန်ခဲ့သော ၃ နှစ် က
6,123 လွန်ခဲ့သော ၃ နှစ် က

အလွယ်တကူ ဒီဆေးတော့ရှိတယ်ဆရာ အဆင်ပြေလောက်လား

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

ဆေးဖျန်းဖို့ လိုအပ်တာ​ပေါ့ဗျာ.. ရွက်စားပိုး အ​တော်ကြမ်းထားတာ​တွေ့ရတယ်။ ​ဆေးဖျန်းထားတယ်ဆို​ပေမယ့်.. ဖျန်းတဲ့​ဆေးက..သိုင်ယာမီသိုဇင် ဖြစ်​နေတယ်။(ယင်ဖြူနဲ့ စုပ်စားပိုး အတွက်ပဲ အဆင်​ပြေတာပါ) အခုဟာက ကိုက်စားပိုး..ဆို​တော့.. အီမာမက်တင်/Bt..../သိုင်အိုဒီကပ်... တမျိုးမျိုးကို..ည​နေချိန်(ပိုးမြူးချိန်)ဖျန်းပါ။ အရွက်​တွေ အစာချက်နိုင်မှ..စွယ်​တွေ များများချနိုင်မှာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။